ပြည်ခိုင်ဖြိုး ပါတီ ဦးဆောင်တဲ့ အရင် အစိုးရ ရဲ့ ဖွံ့ဖြိုးရေး ရန်ပုံငွေသန်း ၃,၁၀၀ ကျော် ပေးသွင်းဖို့ကျန်နေ

ဓာတ်ပုံ ရင်းမြစ်, BBC
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး က ဇွန်လ ၈ ရက်နေ့ က နေပြည်တော်မှာ သတင်းစာရှင်းလင်း
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ဦးဆောင်တဲ့ အရင်အစိုးရ လက်ထက်က လွှဲပေးဖို့ တာဝန်ရှိတဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်းပေါင်း ၃,၁၀၀ကျော် ကို အခုလက် ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရ ကိုလွှဲပေးတာ မရှိသေးကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အမြဲတန်း အတွင်းဝန် ဒေါ်သက်နိုင်ဦး ကပြောပါတယ်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ လေးနှစ်တာဆောင်ရွက်ခဲ့တဲ့အခြေအနေအကြောင်း နေပြည်တော်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်စဉ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ပေးသွင်းဖို့ကျန်ရှိတဲ့ တိုင်းဒေသ ကြီး ၄ ခုဖြစ်ပြီးတော့ ရန်ကုန်တိုင်း ကရင်ပြည်နယ် ရှမ်းပြည်နယ်နဲ့ မန္တလေး တိုင်းတို့ဖြစ်တယ်လို့လည်း သူကပြောပါတယ်။
ပေးသွင်းရန်ကျန်ရှိနေတဲ့ စာရင်းပြုစုပေးဖို့ကို နိုင်ငံတော်သမ္မတရုံးက မကြာခဏညွန်ကြားနေတယ်လို့လည်း စာရင်းစစ်ချုပ်ရုံးကတာဝန်ရှိသူတွေက ပြောပါတယ်။
NLD အစိုးရတက်လာပြီးနောက်ပိုင်း စာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးတွေ ရှိချက်အရ မကွေး မန္တလေး နဲ့ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့အပါအဝင် တချို့ ပြည်နယ်တိုင်းဒေသကြီးအစိုးရအဖွဲ့တွေ အနေနဲ့ ဖွံဖြိုးရေးရန်ပုံငွေပေးသွင်းဖို့ ကျန်ရှိနေခဲ့တာကို ထုတ်ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့အစိုးရလက်ထက် ပြည်နယ်တိုင်းဒေသကြီး အစိုးရအဖွဲ့တွေအနေနဲ့ ဒေသဖွံဖြိုးရေးလုပ်ဆောင်ဖို ဖွံဖြိုးရေး ရန်ပုံငွေထူထောင်ပြီး ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီလိုဆောင်ရွက်ခဲ့တာ နဲ့ပတ်သက်လို့ ပြည်ထောင်စုစာရင်းစစ်ချုပ်က စစ်ဆေးတဲ့အခါ တချို့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေမှာ ပေးသွင်းငွေကျန်ရှိနေတာ ကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
ပေးသွင်းငွေကျန်ရှိနေတဲ့ ပြည်နယ်တိုင်းလေးခု ကငွေပမာဏ ကတော့ ကရင်ပြည်နယ် က သန်းပေါင်း ၁,၅၀၉ သန်း၊ ရန်ကုန် တိုင်း က ၁,၃၂၂ သန်း ၊မန္တလေး က သန်း ၃၂၀ ကျော်နဲ့ ရှမ်းပြည်နယ်က ၁၉ သန်းဖြစ်တယ်လို့လည်း ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါ်ခင်ခင်သီက ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ အစိုးရလက်ထက်က ကရင်ပြည်နယ်မှာ ပေးသွင်းငွေကျန်ရှိနေတာက လူ ပုဂ္ဂိုလ် နဲ့ အဖွဲ့ အစည်း ၄၅ ခုမှာ ကျန်တာဖြစ်ပြီးတော့ ရန်ကုန်တိုင်း ကတော့ ကျောတ်မျက်လုပ်ငန်းရှင် တွေကိုစိုက်ထုတ်ပေးချေရမယ့် ငွေ တွေကျန်တာ ဖြစ်တယ်လို့လည်း ဒေါ်ခင်ခင်သီက ရှင်းပြပါတယ် ။
အရင် အစိုးရလက်ထက်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ မီးလင်းရေး ချေးငွေကျပ်သန်း ၃၂၀ ကျော်ပေး သွင်းရန် ကျန်ရှိနေပြီးတော့ ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေ နဲ့မြေအသုံးချကြေး ထဲမှာ ပေးသွင်း ရန် ကျန်ရှိငွေမှာ ၁၆ သန်းကျော်ရှိတယ်လို့လဲ ဒေါ်သီသီခင်ကပြောပါတယ်။
ပြန်လည်ရရှိပြီးဖြစ်တဲ့ဖွံဖြိုးရေးရန်ပုံငွေတွေကိုသက်ဆိုင်ရာ ပြည်နယ်တိုင်းဒေသကြီးအစိုးရတွေက ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းအတိုင်းပြန်လည်သုံးစွဲနေတယ်လိုလည်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ရှင်းသွားခဲ့ပါတယ်။