သင်္ဃန်းကျွန်းက စွန်းလွန်းဂူကျောင်းမှာ သံဃာတွေကူးစက်မှုဖြစ်

သင်္ဃန်းကျွန်းမြို့နယ် စွန်းလွန်းဂူ ကျောင်းတိုက်ရှိ သံဃာများရဲ့ ဓာတ်ခွဲနမူနာများရယူ

ဓာတ်ပုံ ရင်းမြစ်, Ministry of Information

ဓာတ်ပုံ ပုံစာ,

သင်္ဃန်းကျွန်းမြို့နယ် စွန်းလွန်းဂူ ကျောင်းတိုက်ရှိ သံဃာများရဲ့ ဓာတ်ခွဲနမူနာများရယူ

ရန်ကုန်တိုင်းအတွင်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းက သံဃာ ၁၉ပါးနဲ့ ကိုရင်တစ်ပါး အောက်တိုဘာလ ၁ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

ဒီလို ကူးစက်တာဟာ ရန်ကုန်မှာ ဒုတိယမြောက် သံဃာတွေ အုပ်စုလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာလည်း ဖြစ်ပါတယ်။

ရန်ကုန်မှာ ကူးစက်မှု များတဲ့ မြို့နယ်တစ်ခုဖြစ်တဲ့ သင်္ဃန်းကျွန်းမြို့နယ်က ဘုန်းတော်ကြီးကျောင်းက သံဃာတွေ ကူးစက်ခံရတာ ဖြစ်ပါတယ်။

ကိုဗစ်ဒုတိယလှိုင်း ကူးစက်မှုတွေမြင့်လာတဲ့ အချိန်အတွင်းမှာ အင်းစိန်ရွာမကျောင်း သံဃာ ၃၅၈ ပါးအထိ အုပ်စုလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး သင်္ကန်းကျွန်း မြို့နယ် စွန်းလွန်းဂူ ဘုန်းကြီးကျောင်းမှာ လည်းကူးစက်မှုတွေ ရှိလာတာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၁ရက် ည၈နာရီ ထုတ်ပြန်ချက်မှာလည်း သင်္ဃန်းကျွန်းက ဗိုင်းရပ်စစ် ကူးစက်ခံရသူ ၁၁ ဦး ထပ်တွေ့ပြီး အဲဒီအထဲမှာ စွန်းလွန်းဂူကျောင်းက သံဃာတစ်ပါး ပါဝင်တယ်လို့ သင်္ဃန်းကျွန်း မြို့နယ် ကိုဗစ် ကော်မတီကနေ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NAY P LATT

သင်္ဃန်းကျွန်းမြို့နယ် ၁၆ အပိုင်း၂ ရပ်ကွက်မှာရှိတဲ့ စွန်းလွန်းဂူ ဘုန်းကြီးကျောင်းက သံဃာ ၁၉ပါးနဲ့ ကိုရင်တစ်ပါး ကိုဗစ်ကူးစက်ခံရတာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းလွှတ်တော် အမတ် ဦးနေဘုန်းလတ်က ဘီဘီစီကို အတည်ပြုပါ တယ်။

စွန်းလွန်းဂူကျောင်းမှာ သံဃာအပါအဝင် သီလရှင်၊ ယောဂီ၊ ကပ္ပိယ အစရှိသူစုစုပေါင်း ၂၀၀ ကျော်အထိ ရှိတာဖြစ်ပါတယ်။ ကျန်ရှိသူအားလုံးရဲ့ နမူနာ တို့ဖတ်တွေကို ဒီကနေ့အပြီးယူကာ စစ်ဆေးဖို့ကိုလည်း ပြင်ဆင်ထားတယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

"အဲဒီကျောင်းက ကိုရင်လေးတစ်ပါးက အနံ့ပျောက်တယ်ဆိုပြီးစံပြဆေးရုံကို လာစစ်တယ်၊ လာစစ်ရင်းနဲ့ သူနဲ့ထိတွေ့မှုရှိတဲ့ သံဃာ ၁၉ ပါးကို စစ်တော့ အဲ့ဒါ positive ထွက်တာပဲ ၊ ဘယ်က ကူးတယ်ဆိုတာ မသိတဲ့ ပုံစံမျိုးဖြစ်သွားတာပေါ့"လို့ ဦးနေဘုန်းလတ်က ရှင်းပြပါတယ်။

စွန်းလွန်းဂူကျောင်းက တရားစခန်းတွေကို ပြုလုပ်လေ့ရှိတဲ့ ကျောင်းဖြစ်ပေမဲ့ ကိုဗစ်ကာလအတွင်းမှာတော့ ပိတ်ထားတာဖြစ်ပြီး အမြဲနေယောဂီ၊ သီလရှင် အစရှိတဲ့သူတွေသာ ရှိတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် အပြင်ထွက် ဆွမ်းခံတာမျိုးလည်း မရှိဘူးလို့လည်း သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ,

COVID-19 ကုသရေးဌာန (သုဝဏ္ဏ)

အလားတူ အင်းစိန် ရွာမကျောင်းမှာလည်း ပိုးကူးစက်မှုတွေ ရှိနေတာကြောင့် ကျောင်းတွင်းမှာပဲ သံဃာတွေ ကို ကျန်းမာရေးနဲ့ တပ်ရဲ့ ဆေးကုသရေးအဖွဲ့တွေက ကျန်းမာရေး စောင့်ရှောက်မှုပေးနေကာ၊ အတည်ပြု လူနာ သံဃာတွေကိုတော့ မှော်ဘီတပ် ဆေးသင်တန်းကျောင်းနဲ့ အင်းစိန် ဓမ္မဗိမာန်တို့မှာ သီးခြားထား ကုသမှုပေးနေပါတယ်။

အင်းစိန် ရွာမကျောင်းမှာတော့ ဒီနေ့အထိ သံဃာ ၃၅၈ ပါးအထိ ကိုဗစ်ကူးစက်ခံထားရပါတယ်။

အင်းစိန် ရွာမကျောင်းက သံဃာတွေကတော့ လက်တလောမှာ ပြန်လည် ကိုဗစ်ကင်းစင်သူ မရှိသေးပေမဲ့ ကျန်းမာရေးကတော့ ကောင်းမွန်ကြတယ်လို့လည်း အရှင်ဂန္ဓာသာရာလင်္ကာရက မိန့်ပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့ ၈ နာရီ အချိန်အထိ ကိုဗစ်အတည်ပြုလူနာက မြန်မာနိုင်ငံမှာ ၁၄၃၈၃ ဦးအထိရှိနေပြီး အဲဒီထဲမှာ အခုတွေ့ရှိထားတဲ့ သံဃာတွေလည်း အပါအဝင် ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကိုဗစ်-၁၉ ပျံ့နှံ့ဖြစ်ပွားမှု ၂၀၂၀၊ ၂၀ အောက်တိုဘာ

ပိုးတွေ့ ပိုးတွေ့ပြန်လည်သက်သာ ပိုးတွေ့သေဆုံးလူနာ
စက်ဝိုင်းကိုအတည်ပြုမှုအရေအတွက်ကိုပြသထားတယ်။
ဒေသ
ပိုးတွေ့
ပိုးတွေ့ပြန်လည်သက်သာ
ပိုးတွေ့သေဆုံးလူနာ
၂,၄၈၆
၃၄,၉၃၉
၁,၈၀၇
ရှမ်းပြည်နယ်
၁၆၇
၃၄,၉၃၉
၁,၈၀၇
ရန်ကုန်တိုင်းဒေသကြီး
၅၇,၅၆၅
၅၄၀
၄၆
ရခိုင်ပြည်နယ်
၅,၁၃၃
၆၀
ပဲခူးတိုင်းဒေသကြီး
၂,၉၉၄
၁၆
နေပြည်တော် ပြည်ထောင်စုနယ်မြေ
၄၈၆
မန္တလေးတိုင်းဒေသကြီး
၂,၂၀၀
ဧရာဝတီတိုင်းဒေသကြီး
၁,၄၈၃
မွန်ပြည်နယ်
၁,၀၈၁
မကွေးတိုင်းဒေသကြီး
၆၃၉
စစ်ကိုင်းတိုင်းဒေသကြီး
၅၆၂
၁၈
ကရင်ပြည်နယ်
၃၂၂
၅၈
တနင်္သာရီတိုင်းဒေသကြီး
၂၃၉
ကယားပြည်နယ်
၂၂၅
ချင်းပြည်နယ်
၁၂၃
၃၀
ကယားပြည်နယ်

ရင်းမြစ် - ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

နောက်ဆုံးပြင်ဆင်သည့်အချိန် - ၂၀၂၀၊ ၂၀ အောက်တိုဘာ GMT+၆:၃၀ ၀၆:၃၀