၁၃လကြာ ဆေးရုံတက်ခဲ့ရတဲ့ ကမ္ဘာ့ အသေးဆုံး ကလေးလေး အိမ်ပြန်ရောက်ပြီ
- ဆူရန်ဂျာနာ တေဝါရီ
- BBC News

ဓာတ်ပုံ ရင်းမြစ်, NUH, Singapore
၁၃လကြာစောင့်ရှောက်ကုသမှုတွေခံယူ ခဲ့ရပြီးနောက် ယူဆွန်းကို ဆေးရုံက ဆင်းခွင့်ပေးလိုက်ပါတယ်။
စင်ကာပူက ဆေးရုံတစ်ရုံမှာ ၁၃လကြာ အထူးကြပ်မတ် ကုသမှုတွေ ခံယူခဲ့ရတဲ့ ကမ္ဘာ့အသေးဆုံးလို့ ယူဆနိုင်တဲ့ ကလေးလေး ဆေးရုံကဆင်းသွားပြီး အိမ်ကိုပြန်ရောက်နေပါပြီ။
ကလေးမလေး ကွက်ယူဆွန်း မွေးဖွားခဲ့တဲ့ အချိန်တုန်းက သူ့ကိုယ်အလေးချိန်က ပန်းသီးတစ်လုံး အလေး ချိန်နဲ့ညီမျှတဲ့ ၂၁၂ဂရမ်( ၇.၄၇အောင်စ)သာရှိပြီး အရပ်ကလည်း ၂၄စင်တီမီတာပဲ ရှိပါတယ်။
ပုံမှန်ဆို အမျိုးသမီးတွေဟာ သီတင်းပတ် ၄၀ဝန်းကျင်မှာ ကလေး မွေးဖွားတတ်ကြပေမယ့် သူ့ကိုတော့ ၂၅ပတ် မပြည့်ခင်အချိန်မှာ လမစေ့ဘဲ မွေးဖွားခဲ့ရပါတယ်။
သူ့အရင် ကမ္ဘာ့အသေးဆုံးကလေးအဖြစ် မွေးဖွားခဲ့တဲ့ ကလေးမလေးကို ၂၀၁၈ခုနှစ်က အမေရိ ကန်နိုင်ငံ မှာမွေးဖွားခဲ့တာဖြစ်ပြီး အဲဒီ ကလေးမလေးရဲ့ ကိုယ်အလေးချိန်က ၂၄၅ဂရမ် ရှိတယ်လို့ အိုင်အိုဝါ တက္ကသိုလ်ကပြုစုထားတဲ့ အသေးဆုံးကလေးတွေရဲ့ မှတ်တမ်းအရ သိရပါတယ်။
ယူဆွန်းရဲ့ အမေမှာ သွေးတွေအရမ်းတိုးလာရင် ကိုယ်တွင်း အဓိကအင်္ဂါတွေပျက်စီးပြီး အမေရောကလေးပါသေဆုံးနိုင်တဲ့ သွေးအဆိပ်တက်တဲ့ ရောဂါ ရှိတာကြောင့် သူ့ကို မွေးရမယ့် အချိန်မတိုင်ခင် ၄လစောပြီး အရေးပေါ် ဗိုက်ခွဲပြီး မွေးခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့် အခုတော့ ယူဆွန်းက ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန်က ၆.၃ကီလိုဂရမ်(၁၄ပေါင်) ထိတောင် ရှိနေပါပြီ။
သူမွေးဖွားခဲ့တဲ့အချိန်တုန်းကဆို ကလေးမလေးအတွက် အသက်ရှင်ဖို့ အခွင့်အလမ်း နည်းတယ်လို့ သူ့ကို မွေးပေးတဲ့ စင်ကာပူအမျိုးသားတက္ကသိုလ်ဆေးရုံက ပြောထားပါတယ်။
"လမစေ့ဘဲမွေးရတာရယ်၊ သူ့ရဲ့ကျန်းမာရေး အခြေအနေကြောင့် သူမွေးတဲ့အချိန်မှာ ရှုပ်ထွေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ခဲ့ရပြီး သူ့ကလည်း ဇွဲကောင်းကောင်းနဲ့ အခြေအနေ တိုးတက်လာအောင် ကြိုးစားခဲ့တဲ့အတွက် သူ့ကို ကိုဗစ်၁၉ ကြားက ထူးခြားတဲ့ကလေးအဖြစ် သူ့နားက လူတွေအတွက် စိတ်အားတက်စရာ ဖြစ်စေခဲ့တယ်"လို့ ဆေးရုံကထုတ်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ကလေး ၁၉ ယောက်ရဲ့ မိခင်
ဓာတ်ပုံ ရင်းမြစ်, Kwek Family
သာမန်မွေးဖွားချိန်ထက် ၄လစောပြီး ယူဆွန်းကို အရေးပေါ် ဗိုက်ခွဲမွေးပေးခဲ့ရ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of ပေါ့ဒ်ကတ်စ်
ကလေးမလေး ယူဆွန်း ဆေးရုံတက်နေရတဲ့ ကာလအတွင်းမှာလည်း သူ့အသက်ရှင်သန် နိုင်ဖို့ စက်ပစ္စည်းမျိုးစုံရဲ့ အကူအညီယူခဲ့ရပြီး ကုသမှုပုံစံမျိုးစုံကိုပါ လုပ်ပေးခဲ့ရတာတွေရှိခဲ့ ပါတယ်။
သူတို့ စောင့်ရှောက်ကုသမှုအောက်မှာ တိုးတက်ကောင်းမွန်မှုတွေရှိလာတဲ့အတွက် နောက်ဆုံးမှာတော့ ဆေးရုံကဆင်းခွင့်ပြုလိုက် တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
ဒါပေမယ့် လက်ရှိအချိန်ထိ ယူဆွန်းမှာ နာတာရှည်အဆုပ်ရောဂါရှိနေဆဲဖြစ်ပြီး သူ့အိမ်မှာရှိ နေတဲ့အချိန်မှာလည်း သူအသက်ရှုနိုင်ဖို့ အကူအညီပေးနိုင်တဲ့ စောင့်ရှောက်မှုတွေ ဆက်လုပ် ပေးရဦးမှာဖြစ်ပါတယ်။ ဒါပေမဲ့ အချိန်တစ်ခုရောက်တဲ့အခါ အခြေအနေပိုတိုးတက်လာပါလိမ့်မယ်လို့ စင်ကာပူအမျိုးဆေးရုံက ဆရာဝန်တွေက ဆိုပါတယ်။
ယူဆွန်းရဲ့အမေ ဝန်မီလင်းက အခု အသက်၄နှစ်ရှိပြီဖြစ်တဲ့ သူတို့ရဲ့ ပထမကလေး မွေးဖွားခဲ့တဲ့တုန်းက ပုံမှန်အတိုင်း မွေးဖွားနိုင်ခဲ့တဲ့ အတွက် ယူဆွန်း မွေးလာတဲ့အချိန်မှာ အရွယ်အစားအရမ်းသေးခဲ့တဲ့အပေါ် အံ့သြတုန်လှုပ်မှုဖြစ် ခဲ့ရတယ်လို့ မီဒီယာတွေကို ပြောခဲ့ ပါတယ်။
ယူဆွန်းရဲ့ မိဘတွေဟာ စင်ကာပူမှာ တရားဝင်နေထိုင်အလုပ်လုပ်ခွင့်ရထားတဲ့ မလေးရှားနိုင်ငံသားတွေ ဖြစ်ကြပါတယ်။ ယူဆွန်းဆေးရုံ အကြာကြီးတက်ခဲ့ရတဲ့ ကုန်ကျစရိတ်ကို စေတနာရှင်တွေက အွန်လိုင်းက ရန်ပုံငွေရှာပေးခဲ့တာ ဒေါ်လာ၂သိန်း၇သောင်းကျော် ရခဲ့တဲ့အတွက်သူ့မိဘတွေက အကုန်အကျခံ နိုင်ခဲ့တာဖြစ်ပါတယ်။
ကလေးအလှပြိုင်ပွဲဝင်တဲ့ စင်္ကာပူကလေးငယ်