လူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာပြည်သွားမည်

ကင်တားနား
Image caption လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနားဟာ လာမယ့် ဖေဖေါ်ဝါရီလ ၁၄ ရက်က ၂၀ ရက်အထိ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီခရီးစဉ်မှာ ရခိုင်ပြည်နယ်ကို သွားရောက်ပြီး ရိုဟင်ဂျာ တွေရဲ့ အခြအနေကို လေ့လာဖို့ စီစဉ်ထားတယ်လို့ မစ္စတာကင်တားနားက ဘီဘီစီမြန်မာပိုင်းကို ပြောပါတယ်။

သူဟာ နေပြည်တော်မှာ အစိုးရအရာရှိကြီးတွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ တောင်းခံထားတယ်။ တွေ့ခွင့်ရဖို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။

သူနောက်ဆုံးအခေါက် သွားတုန်းက အစိုးရက လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တိုးတက်မှုရှိတယ်ဆိုတာတွေ ပြသခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာ အရမ်းနည်းခဲ့သလို ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပြုချက်တွေကိုလည်း လိုက်နာတာ သိတ်မတွေ့ရဘူးလို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

ဒီတခေါက် ခရီးစဉ်ကနေ သူ့ရဲ့လေ့လာတွေ့ရှိချက်တွေကို မတ်လ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပမယ့် လု့အခွင့်အရေးကောင်စီ ညီလာခံမှာ တင်ပြမှာ ဖြစ်ပါတယ်။

အဲဒီအခါကျရင် နယ်စပ်ဒေသမှာ စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြောင်းစွပ်စွဲချက်တွေ ကိုလည်းထဲ့သွင်းဆွေးနွေးမှာဖြစ်ပြီး၊ အဲဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သက်သေအထောက်အထား တွေထပ်ပြီးရှာဖွေရဦးမှာဖြစ်တယ်လို့ မစ္စတာ ကင်တာနားက ပြောပါတယ်။