ဝေါမြို့မှာ အဖွဲ့ချုပ် လူငယ်တွေက ရေလှူ

water shortage
Image caption ဒီနှစ်က အပူချိန် အတော် မြင့်တာကြောင့် ဒေသတွင်းမှာ ရေအရင်းအမြစ် ခန်းခြောက်

ပဲခူးခရိုင်တွင်းက ရွာပေါင်း ၆၀ လောက်မှာ သောက်ရေ ရှားပါး ပြတ်လပ် နေတာကို ကားစီးရေ ၄၀ နဲ့ ရေတွေကို စေတနာ ရှင်တွေက ပေးဝေခဲ့ တယ်လို့ သိရ ပါတယ်။ အစိုးရက ရေပြတ်လပ်မှုကို ဘာမှ ဖြေရှင်း ဆောင်ရွက်တာ မရှိလို့ စေတနာ ရှင်တွေက ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရေလှူခဲ့ ကြတာ ဖြစ်ပါတယ်။

မေလ ၂ ရက်နေ့ ကထဲက စဝေတာပါ၊ ပဲခူး၊ ဝေါ၊ သနပ္ပင်၊ ဒိုက်ဦး မြို့နယ်တွေ ထဲက ရွာ ၆၀ လောက်က ရေအကူ အညီ တောင်းတာမှာ ရွာ ၂၅ ရွာကိုပဲ ရေလှူနိုင် သေးတယ်လို့ ပဲခူး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် ဖော်ဆောင်ရေး အဖွဲ့ဝင် ကိုမြတ်မိုးက ပြောပါတယ်။

ရေလှူသူ ကိုနေဝင်းကလဲ မျက်ရည်တောင် ဝဲရပါတယ်၊ သောက်သုံးရေ ပြတ်လပ် ကုန်ပြီး ကန်တွေလဲ ပတ်ကြားအက်၊ သက်ကြီး ရွယ်အို တွေနဲ့ ကလေး သူငယ် တွေလဲ ကျန်းမာရေး ထိခိုက် ကုန်တယ်လို့ ပြောပါတယ်။