လူမှုရေးနဲ့ နိုင်ငံရေး လှုပ်ရှားသူ အနှိမ်ခံရ

myanmar people
Image caption ဖိနှိမ့်မှုတွေကြားကပဲ ဒေါ်စုအပါအဝင် တိုင်းရင်း သားတွေဟာ ဆက်လှုပ်ရှားနေကြဆဲ ဖြစ်တယ်

တွံ့တွေးမြို့နယ် ပြည်သူ့ ဆေးရုံမှာ ဆေးကုသမှု ခံယူသူ တစ်ဦးကို ကူညီ ပေးရင်းက ဆေးရုံက တာဝန်ရှိ သူကို ဝတ္တရား နှောင့်ယှက် တယ်ဆိုပြီး တရား စွဲဆို အရေးယူ ခံခဲ့ရတဲ့ မစန္ဒာနဲ့ ခင်ပွန်း ဖြစ်သူ ကိုဇော်မင်းထွန်းတို့ဟာ ထောင်ထဲ မှာ ကျန်းမာရေး စောင့်ရှောက်မှုကို မရတဲ့ အပြင် နိုင်ငံရေး လှုပ်ရှားမှု နွယ်တဲ့ အကျဉ်းသား ရရမဲ့ အခွင့်အရေး တွေလဲ မရဘူးလို့ သမီးဖြစ်သူ မသိမ့်သိမ့်သူနဲ့ သားသမက် ဖြစ်သူတို့က ပြောပါတယ်။

ဦးဇော်မင်းထွန်းနဲ့ ဒေါ်စန္ဒာတို့ဟာ ကလေး စစ်သား တွေကိုလဲ ပြန်ထုတ် ပေးတယ်၊ မြို့နယ်မှာ ရှိတဲ့ အာဏာ ပိုင်တွေ အဂတိ လိုက်စား တာကိုလဲ ဖော်ထုတ် နိုင်ခဲ့တယ်၊ လူမှုရေး တွေလဲ လုပ်တဲ့ အတွက် အာဏာပိုင် တွေက ရွံမုန်းပြီး အပြစ်မရှိ အပြစ်ရှာ အဓမ္မ ဖမ်းဆီး၊ အဓမ္မ ထောင်ချတာ ပါလို့ သားသမက် ဖြစ်သူက ပြောပါတယ်။

ပဲခူးမြို့က လူ့အခွင့်အရေး လှုပ်ရှားတဲ့ လမ်းပြကြယ် အဖွဲ့က ရှေ့နေကြီး ဦးအေးမြင့် ကလဲ နိုင်ငံရေး အကျဉ်းသား ဆိုရင် လူ့အခွင့် အရေး ချိုးဖောက်တာ ပိုခံရတယ်၊ နိုင်ငံရေး အကျဉ်းသား ဆိုရင် သာမန် အကျဉ်းသား တွေရဲ့ ခိုင်းတာကို ခံရတယ်၊ စစ်ခွေးတိုက်ကို ပိုခံရတယ်၊ နိုင်ငံရေးသမားဆိုရင် ဒူးထောက်စေရမယ် ဆိုပြီး အကျဉ်းသားကို '' ဦး'' ၊ '' ကို'' ထည့် မခေါ်တာကြောင့် '' အေးမြင့် '' ဟေ့ဆိုရင် '' ရှင်'' လို့ ထူးရတဲ့ ဘဝမျိုး ကျမှ လက်လျှော့ ပေးတယ်ဆိုတဲ့ စိန်ခေါ်မှုတွေ ရှိတယ်လို့ အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြောပြခဲ့ ပါတယ်။