ကြံ့ဖွံ့ပါတီကို ချင်းပြည်သူတွေ မကြိုက်

ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီက ချင်းပြည်နယ်ဘက်မှာ ပါတီဝင်တွေအဖြစ် သတ်မှတ်နိုင်ဖို့ စာရင်းကောက်တာတွေ လုပ်နေပေမယ့် တရားဟောတာတော့ မလုပ်သေးဘူးလို့ ချင်းပြည်နယ် ဟားခါးမြို့ခံတစ်ဦးက ပြောပါတယ်။

Image caption ချင်းပြည်သူတွေ မကြိုက်တဲ့ ကြံ့ခိုင်ရေး ပါတီဝင်တွေဖြစ်လာဦးမယ့်သူတွေ

ကျွန်တော် လက်လှမ်းမီသလောက်တော့ ချင်းပြည်သူတွေက ကြံ့ခိုင်ရေးပါတီကို မဲမပေးဘူး၊ တခြားပါတီ တစ်ခုကို သူတို့ ပေးမယ်။ ဘယ်သူပဲပါပါ ကြံ့ဖွံ့ပါတီကိုတော့ မဲမပေးဘူးလို့ ဟားခါးမြို့ခံ ပြည်သူတစ်ဦး ဖြစ်တဲ့ ဦးပန်လျှမ်း က ပြောပါတယ်။

ကြံ့ဖွံ့ပါတီအစိုးရတက်လာရင် စစ်အုပ်ချုပ်ရေး ကို အသွင်ပြောင်းတဲ့ သဘောပဲ ဖြစ်မယ်။ လူပုဂ္ဂိုလ်ကို မကြိုက်တာ မဟုတ်ဘူး၊ ပါတီကို မကြိုက်တာလို့ သူက ပြောပါတယ်။

ချင်းပြည်နယ်မှာ လူထုကြိုက်တဲ့ တခြားပါတီတော့ လောလောဆယ် မတွေ့ရသေးဘူး။ ဇူလိုင်လထဲမှာတော့ ချင်းပြည်နယ်တိုးတက်ရေးပါတီနဲ့ ချင်းအမျိုးသားပါတီတို့က မဲဆွယ် စည်းရုံးမှုတွေ လုပ်ဖို့ရှိတာကြောင့် စောင့်တော့ ကြည့်ရမယ်လို့ ဦးပန်လျှမ်းက ပြောပါတယ်။