ကော့ကရိတ် မြို့ သွေးလွန်တုတ်ကွေး ရောဂါဖြစ်ပွား

Mosquito
Image caption သွေးလွန် တုတ်ကွေး ရောဂါ ခြင်ကြောင့် ဖြစ်ပွား

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ တမြို့လုံးနီးပါးက ကလေးငယ်တွေ သွေးလွန်တုတ်ကွေး ရောဂါ ခံစားနေကြ ရပါတယ်။

လောလောဆယ် ဆေးရုံမှာ သွေးလွန်တုတ်ကွေး လူနာ အယောက် ၄၀ လောက်ရှိပါတယ်။

အနည်းဆုံး ကလေးငယ် ၇ ယောက်ဟာ သွေးလွန်တုတ်ကွေး ရောဂါကြောင့် ပျက်စီး ဆုံးပါးခဲ့ ရပါတယ်။

ကော့ကရိတ် ဆေးရုံက ကျဉ်းတဲ့ အတွက် ဆေးရုံမှာ ကုတင်မဆန့်တော့လို့ ဆေးရုံ စင်္ကြန်လမ်းတွေမှာပါ ကုလားထိုင် နှစ်လုံးဆက်ပြီး နေရာချထား ပေးရတယ်လို့ ကော့ကရိတ်မြို့ခံ တွေက ဆိုပါတယ်။

ဆေးရုံမှာ ပစ္စည်း ကရိယာ အစုံအလင် မရှိတဲ့အတွက် လိုအပ်တဲ့ စစ်ဆေးမှုတွေ အပြည့်အစုံ မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။

ကော့ကရိတ် အထက်တန်းကျောင်းတွေမှာ ခြင်ဆေးဖြန်းတာတွေ လုပ်တယ်လို့ ဆိုပေမယ့် တမြို့လုံးအတိုင်း အတာနဲ့ ခြင်နှိမ်နင်းရေး လုပ်တာမျိုးတော့ မရှိဘူးလို့ ပြောပါတယ်။