တပတ်ရစ် ဂျပန်ကားတွေ စျေးတက်

ထိုင်းမြန်မာ နယ်စပ်မှာ တစ်လလောက် လုံးဝ အရောင်းအဝယ် ရပ်နေတဲ့ တပတ်ရစ် ကားတွေ ကို မြန်မာ ကုန်သည်တွေ အလုအယက် ဝယ်နေကြလို့ ကားစျေးတွေ တက်နေ ပါတယ်။

Image caption သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းကနေ မြန်မာ ဘက်ကို ဒီလို ကားတွေသယ်

မြန်မာ အစိုးရက ကားလိုင်စင် အသစ်တွေ ချပေးမှာမို့ ကုန်သည်တွေက မဲဆောက် မြဝတီ နယ်စပ်ကို လာပြီး ကားတွေဝယ်ယူကြတာလို့ ကားကုန်သည် တစ်ယောက်က ပြောပါတယ်။

ဌာနဆိုင်ရာ အသိုင်းအဝိုင်းကို ကားလိုင်စင်တွေ ချပေးနေတာ ဖြစ်ပြီး အခု နယ်စပ်ကို လာဝယ် ကြတဲ့ ကားတွေကို နေပြည်တော် အထိ သယ်ယူ သွားကြတယ် လို့လည်း အဲဒီ ကား ကုန်သည်က ပြောပါတယ်။

နေပြည်တော်မှာ ညွှန်ကြားရေးမှူးချုပ်တွေကို ပေးတဲ့ ခပ်ညံ့ညံ့ကား တွေကို ပြန်လည် ပြင်ဆင်ရင် သိန်းလေးဆယ် သို့မဟုတ် သိန်းငါးဆယ် ကုန်ကျမှာဖြစ်လို့ အကုန်အကျခံ ပြန်ပြင်မယ့် အစား နယ်စပ်ဆင်းပြီး သိန်း ခြောက်ဆယ်၊ ခုနစ်ဆယ်တန် ကားအသစ် လာဝယ်ကြတာလို့လည်း သူက ရှင်းပြပါတယ်။

အဲဒီလို ဝယ်ပြီး နယ်စပ်ကတင်သွင်းလာတဲ့ ကားတွေကို အစိုးရ ရာဖြတ်က တန်ဖိုးဖြတ် တဲ့ စျေးရဲ့ ရှစ်ဆယ် ရာခိုင်နှုန်းကို အခွန်ဆောင်ရမှာ ဖြစ်ပါတယ်။

တပတ်ရစ် ကားတွေကို နယ်စပ်ကနေ လုံးဝ တင်သွင်းခွင့် မပြုဘူးလို့ မြန်မာ အာဏာပိုင်တွေ က အမိန့် ထုတ်ပြန်ခဲ့ပြီးတဲ့ နောက် တစ်လ လောက် အရောင်း အဝယ် မဖြစ်ခဲ့ တဲ့ ကား စျေးကွက်မှာ အခုလို အဝယ် ပြန်လိုက်လာတဲ့ အတွက် နယ်စပ်မှာ မြန်မာ ငွေစျေးလည်း ကျဆင်း သွားခဲ့ပါတယ်။