ပြည်ခိုင်ဖြိုးပါတီ ငွေ သိန်းချီပေးပြီး စည်းရုံး

Gen Than Shwe
Image caption ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်း အဖြစ်ရှိစဉ်က အစည်းအဝေး

ရွေးကောက် ပွဲဝင်မယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီက သူ့ရဲ့ မြို့နယ်ရုံး တွေကို နယ်တွေမှာ မဲဆွယ် စည်းရုံးရေးတွေ လုပ်ဖို့ ငွေတွေ ချပေးနေပါတယ်။

ဒီငွေတွေကို အသုံးပြုပြီး ပဲခူးတိုင်း အနောက်ခြမ်း ပေါင်းတည် မြို့နယ် ပြည်ထောင်စု ကြံခိုင်ရေးပါတီရုံး ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးအောင်နိုင်ဦးဟာ ရပ်ကွက်၊ ကျေးရွာက သြဇာ ရှိတဲ့သူတွေကို လိုက်လံစည်းရုံးနေပါတယ်။

တကယ်လို့ သူတို့ပါတီထဲဝင်ပြီး စည်းရုံးရေးတွေ လိုက်လုပ်ပေးမယ်ဆိုရင် ကျပ်ငွေ (၅)သိန်းပေးမယ်လို့ လိုက်လံပြောဆိုစည်းရုံးနေကြောင်း ပေါင်းတည်မြို့က စည်းရုံးခံခဲ့ရတဲ့သူတွေနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ရပ်ကွက် ကျေးရွာတွေမှာရှိတဲ့ ကာလသားခေါင်းလို သြဇာရှိတဲ့ ပုဂ္ဂိုလ်မျိုးကို ငွေ(၅)သိန်းပေးပြီး ပါတီဝင်အဖြစ် မဲဆွယ်ခိုင်းနေတယ်လို့ သိရပါတယ်။

မြို့နယ်တစ်ခုလုံးအတွက် ချပေးတဲ့ရံပုံငွေက ကျပ်ငွေ သိန်း(၂၀၀၀) ဖြစ်တယ်လို့ အတည်ပြုချက် မရသေးတဲ့သတင်းအရ သိရပါတယ်။ တခြားပါတီတွေက ရံပုံငွေ အခက်အခဲ ဖြစ်နေတဲ့အချိန် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကတော့ ရံပုံငွေ အမြောက်အများသုံးပြီး စည်းရုံးရေးဆင်းနေတာ ဖြစ်ပါတယ်။