မြန်မာပြည် ပညာရေးစံနစ် တက်တက်စင် မှားနေ

education_degree
Image caption ရွေးချယ်နိုင်ခွင့် နည်းတဲ့ မြန်မာပြည် က ပညာရေး စနစ်

ကျောင်းသား တွေ ဘာသာရပ်တွေ ကို ရွေးချယ် ရင် ကိုယ့်ရဲ့ ပင်ကိုယ် ဗီဇ၊ ပင်ကိုယ် စွမ်းရည်၊ ဝါသနာ စတာ တွေ နဲ့ ကိုက်ညီတဲ့ ဘာသာရပ် တွေ ကို မ ရွေးချယ် နိုင်တာ ဟာ အဓိက အကြောင်းက ပညာ ရေး စနစ် ကြောင့် ဖြစ်နေ ပါတယ်။

ကျောင်းသားတွေ ဟာ တက္ကသိုလ် ဘာသာရပ်တွေ ကို ရွေးချယ် ကြမယ် ဆိုရင် ကိုယ်နဲ့ ကိုက်ညီတဲ့ စိတ်ပါ ဝင်စားတဲ့ ဘာသာ ရပ် တွေ ကို ရွေးချယ် သင်ယူ လိုက်စား မှသာ ကိုယ့် အတွက် ကော တိုင်းပြည် အတွက်ပါ အကျိုးရှိမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံ က ကျောင်းသားတွေ အနေ နဲ့ အဲဒီလို ကိုက်ညီ တဲ့ ဘာသာရပ်တွေ ကို ရွေးချယ် သင်ယူ နိုင်တဲ့ အခြေအနေ နည်းပါး နေပါတယ်။

ဗုဒ္ဓဟူး နေ့ ထုတ် ကြေးမုံ သတင်းစာမှာ မြန်မာနိုင်ငံ က ကျောင်းသားတွေ ဟာ တက္ကသိုလ် ဘာသာရပ်တွေကို ရွေးချယ် ကြမယ် ဆိုရင် ကိုယ့်ရဲ့ ပင်ကိုယ်ဗီဇ ပင်ကိုယ် စွမ်းရည်၊ ဝါသနာ နဲ့ ကိုက်ညီတဲ့ ဘာသာရပ်တွေကို ရွေးချယ် သင်ယူ သင့်ကြောင်း နဲ့ သက်ဆိုင်ရာ မိဘ ဆွေမျိုး အသိုင်းအဝိုင်း က လည်း လူငယ်တွေ သူတို့ စိတ်ပါ ဝင်စား ရာ ပညာ ကိုသင်ယူ ဖို့ အားပေး သင့်ကြောင်း ဆောင်းပါးရှင် တဦး က ထောက်ပြ ထားပါတယ်။

မြန်မာနိုင်ငံက ကျောင်းသားတွေ ကိုယ် ဝါသနာ ထက်သန်ရာ ဘာသာရပ်တွေကို ရွေးချယ် သင်ယူ ဖို့ အခြေအနေ မဖြစ်လာ စေတဲ့ အကြောင်းတွေ ထဲမှာ အခုလို အကြောင်း တွေ အပြင် လက်ရှိ ပညာရေး စနစ် မှာ မှားယွင်း နေတာ တွေ က အဓိက အကြောင်း တခု အနေ နဲ့ ပါဝင်တယ် လို့ ပညာရေးနဲ့ ကျန်းမာရေး ဘက်မှာ သိမြင် ကျွမ်းကျင်တဲ့ ဒေါက်တာ ဒေါ်မြင့်မြင့်ခင် က ဘီဘီစီ ကို ပြော ပါတယ်။

ဒါ့အပြင် ပိုက်ဆံတတ်နိုင်သူတွေ က ကိုယ်လိုချင်တဲ့ လမ်းကြောင်း ဖြစ်အောင် လုပ်လို့ ရတယ်၊ ပိုက်ဆံ မတတ်နိုင် ရင် ကတော့ ဒီလို အခွင့်အရေး တွေ မရ လို့ မျှတ မှု မရှိ ပဲ ဖြစ်နေတာ ကို သူ က ထောက်ပြ ပါတယ်။

ပညာရေး နဲ့ ပတ်သက်လို့ ပြုပြင် ပြောင်းလဲ သင့်တာတွေ ကို ဆောင်းပါး တွေ ရေးပြီး တင်ပြ နေပေမယ့် လည်း ဆောင်းပါး အများ အပြား အပယ်ခံရ ကြောင်း ဒေါက်တာ ဒေါ်မြင်မြင့်ခင် က ပြောပါတယ်။

ပညာရေးကို ပိုပြီး ကောင်းအောင် ပြင်မယ် ဆိုရင် တက်တက်စင် မှားနေတဲ့ ပညာရေး ကို အစက စပြီး ပြန်လုပ် ရမှာ ဖြစ်ကြောင်း သူ က ပြော ပါတယ်။

အဲဒီတော့ ဒါကို ပြောင်းချင်ရင် တော့ အစ ကနေပြီး မြေလှန်ပြောင်း ရမှာ ဖြစ်ကြောင်း နဲ့ ဒီကိစ္စဟာ တော်တော်လေး ထုထည်အားဖြင့်ကြီးမား ကျယ်ပြန့် နက်ရှိုင်းတဲ့ အတွက် ပြောင်းလဲနိုင်ဖို့ အချိန်ယူ ရမှာ ဖြစ်ကြောင်း ဒေါက်တာ ဒေါ်မြင့်မြင့်ခင် က ပြောကြား သွားပါတယ်။