ကနေဒါဝန်ကြီးက မြန်မာ့ရွေးကောက်ပွဲကို စိုးရိမ်မကင်း

cannon
Image caption ကနေဒါနိုင်ငံခြားရေးဝန်ကြီး လောရင့်ကင်နွန်

ကနေဒါနိုင်ငံခြားရေးဝန်ကြီး လောရင့်ကင်နွန် က မြန်မာနိုင်ငံမှာ နိုဝင်္ဘာလ ၄ ရက်နေ့မှာ ကျင်းပမဲ့ ရွေးကောက်ပွဲ ဟာ၊ အစိုးရဘက်က ဒီမိုကရေစီ အသွင်နဲ့ ကျင်းပမယ် ဆိုပေမဲ့ ဖိနှိပ်မှုတွေ၊ ချိန်းခြောက်မှုတွေ ရှိနေတဲ့ အတွက် နိုင်ငံတကာ စံနှုန်းနဲ့ မကိုက်ညီဘူးလို့ ပြောပါတယ်။

မြန်မာနိုင်ငံသားတွေ အနေနဲ့ သူတို့ရဲ့ ဆန္ဒသဘောထားကို အကြောက်တရားနဲ့ အကြမ်းဖက်မှုတွေ မပါဝင်စေပဲ ဖေါ်ထုတ်ပြသခွင့် ရထိုက်တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေလဲ လွှတ်ပေးဖို့ မစ္စတာ ကင်နွန်က ကြေငြာချက်မှာ ဖေါ်ပြ ထားပါတယ်။

ဒါဆိုရင် ကနေဒါအစိုးရ အနေနဲ့ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မဲ့ အခင်းအကျင်း ဘယ်လို ဆောင်ရွက် ပေးနိုင်မလဲ လို့ မြန်မာနိုင်ငံဆိုင်ရာ လှုပ်ရှားမှုအဖွဲ့ Canadian Friends of Burma မှ ပြောခွင့်ရ ပုဂ္ဂိုလ် ကိုတင်မောင်ထူးကို မေးကြည့်တော့၊ ကနေဒါ အစိုးရ ဟာ မြန်မာနိုင်ငံအပေါ်မှာ စီးပွားရေးပိတ်ဆို့မှု ပြုထားပေမဲ့ သံတမန်ရေး အရ ပိုမိုဖိအား ပေးဖို့လိုကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။

ဒါ့အပြင် ကနေဒါအစိုးရ ဟာ မြန်မာ စစ်အစိုးရက လူသားထု အပေါ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု၊ လူသားချင်းမစာနာတဲ့ ဖေါက်ဖျက်ကျူးလွန်မှု တွေအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် တောမတ်စ် ကင်တားနားရဲ့ အစီရင်ခံစာအရ စုံစမ်းရေး ကော်မရှင် ပေါ်ပေါက်ရေး ကို ထောက်ခံရေး နှောင့်နှေးနေပုံ၊ ဒါကို နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ ကိုတင်မောင်ထူး က ရှင်းပြပါတယ်။