NLD မပါတော့ မဲမထည့်ဘဲ နေရုံပေါ့

Image caption ဒေါ်အောင်ဆန်းစုကြည် ပြောတာကို ပြန်ပြောပြခဲ့တဲ့ NLD ရှေ့နေကြီး ဉီးဉာဏ်ဝင်း

မြန်မာနိုင်ငံမှာ နအဖ စစ်အစိုးရက နိုဝင်ဘာ ရရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က သပိတ်မှောက်တာကို လုံးဝ သဘောတူတယ်လို့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း သူမနဲ့ တွေ့ခဲ့တဲ့ ရှေ့နေကြီး ဉီးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သတင်းဌာနတွေရဲ့ ထုတ်လွှင့်မှုတွေ နားထောင်ရာမှာ လာမယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေက NLD ပါတီကို မဲပေးချင်တယ် ၊ NLD က ရွေးကောက်ပွဲမှာ မပါဘူးဆိုတော့ ဘယ်သူ့ကို မဲပေးရမလဲ ဘာလုပ်ရမလဲလို့ မေးသူတွေအတွက် အဖြေကတော့ ရှင်းပါတယ်။

NLD ကို မဲပေးချင်တယ် ၊ NLD မရှိရင် မဲမပေးဘဲ နေရုံပေါ့လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ဉီးဉာဏ်ဝင်းက ဘီဘီစီကို ပြန်ပြောပြခဲ့ပါတယ်။