ပဲခူးမှာ ရေကြီးနေဆဲ

bago_floods
Image caption ပဲခူးရေကြီး စဉ် ရေလွတ်ရာ ကို ရ သလို ထွက်ခွာ ကြ ရပုံ

ပဲခူး မြစ်ရေ ဟာ လောလောဆယ်မှာ ရေအီနေပြီး စိုးရိမ်ရေမှတ် ရဲ့ အထက် မှာပဲ ရှိနေ ပါတယ်။

အနိမ့်ပိုင်း ရပ်ကွက်တွေ နဲ့ ကျေးရွာ ၁၀ ရွာ လောက် ရေဝင်ပြီး လယ်ကွင်း တွေလည်း ရေလွှမ်း နေပါတယ်။

အရေ အတွက် ၁၀၀၀ ကျော် လောက်ရှိတဲ့ ရေဘေး ဒုက္ခသည် တွေဟာ နီးစပ်ရာ ဘုန်းကြီး ကျောင်း နဲ့ စာသင်ကျောင်း တွေ မှာ ခိုလှုံနေကြရပါတယ်။

သံဃာတော်တွေ နဲ့ ရပ်ကွက် တွေထဲက လူမှုဝန်ထမ်းစိတ် ရှိသူ တွေက ရေဘေး ဒုက္ခသည် တွေကို ထမင်းထုတ် တွေ ဝေငှ ပေးနေတယ် လို့ လည်း သိရ ပါတယ်။

ဒုက္ခသည်တွေကို ဦးဆောင် လှူဒါန်းကူညီနေတဲ့ ဆရာတော် ဦးကိတ္တိ က ရေဘေး အခြေ အနေကို ပြောပြရာမှာ ဇိုင်းကနိုင်းတောင်ပိုင်း မြောက်ပိုင်း၊ ကျောက်ကြီးစု၊ ကလျာဏီ ရပ်ကွက် တွေမှာ ရေမြုပ်နေတယ်လို့ ဘီဘီစီ ကို ပြောပြ ပါတယ်။

မိသားစု တချို့က နေလို့ ရသလောက် ခိုကပ်ပြီး နေကြပေမယ့် နောက် ရေများ လာမယ် ဆိုရင် နေလို့ မရလို့ တက်လာကြမှာ ဖြစ်တဲ့ အကြောင်း လက်ရှိ ဒုက္ခသည် အရေ အတွက်ဟာ ၁၀၀၀ ကျော် လောက် ရှိတဲ့ အကြောင်း ဆရာတော် ဦးကိတ္တိ က ဘီဘီစီ ကို ပြောပါတယ်။

အာဏာပိုင်တွေရဲ့ ကူညီ ဆောင်ရွက်မှု ကိုတော့ မတွေ့ရ သေးဘူးလို့ သိရပါတယ်။

ပဲခူး မြစ်ရေ ဟာ ရန်ကုန် မန္တလေး ကားလမ်းကို ကျော်နေဆဲ ဖြစ်ပါတယ်။

အင်္ဂါနေ့ က ထုတ်ပြန်တဲ့ မိုးလေဝသ နဲ့ ဇလဗေဒဌါန ရဲ့ သတင်း ထုတ်ပြန်ချက် ထဲမှာတော့ ပဲခူးမြစ်ရဲ့ စိုးရိမ်ရေမှတ်က ၉၁၀ စင်တီမီတာဖြစ်ပြီး လတ်တလော တည်ရှိ နေတဲ့ ရေအမှတ်က ၉၂၀ စင်တီမီတာ လောက် အထိ ရှိနေ တယ်လို့ သိရ ပါတယ်။