ရွေးကောက်ပွဲကို တိုက်ဖျက်ဖို့ NCUB ဆုံးဖြတ်

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB က ၂၀၁၀ ရွေးကောက်ပွဲကို တိုက်ဖျက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Image caption ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ

ပြည်ပအခြေစိုက် ဒီမိုကရေစီ အင်အားစုတွေ တိုင်းရင်းသား အဖွဲ့ တွေနဲ့ ဖွဲ့စည်း ထူထောင်ထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB ရဲ့ ညီလာခံကို ထိုင်းမြန်မာနယ်စပ်မှာ ကျင်းပအပြီး ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အဖွဲ့ရဲ့ သဘောထားကို ထုတ်ပြန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

NCUB တွဲဘက်အထွေထွေအတွင်းရေးမှူ ၂ ဦးမြင့်သိဏ်းက ဒီရွေးကောက်ပွဲဟာ မမှန်ကန်တဲ့ရွေးကောက်ပွဲဖြစ်တဲ့အကြောင်း အနှစ်သာရအားဖြင့် ဒီရွေးကောက်ပွဲဟာ နိုင်ငံနဲ့လူထုအတွက် အကျိုးမရှိလို့ ကန့်ကွက်ရှုတ်ချကြောင်းကို နည်းမျိုးစုံနဲ့ ဖေါ်ပြဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

နည်းမျိုးစုံဆိုတဲ့ အဓိပ္ပါယ်က ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေတင်မက တကမ္ဘာလုံးကပါ ဒီရွေးကောက်ပွဲမမှန်ကန်မှုတွေကို နားလည်လက်ခံလာအောင် မီဒီယာကတဆင့် ဆောင်ရွက်မှာဖြစ်ကြောင်း ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကတဆင့် ပြည်သူတွေသိအောင်လည်း လုပ်နိုင်တဲ့နည်းလမ်းတွေကို ဆိုလိုကြောင်း ပြောပါတယ်။

NCUB ညီလာခံ ဆုံးဖြတ်ချက်ထဲမှာ ပါဝင်တဲ့ ၉၀ ပြည့် ရွေးကောက်ပွဲကို အခြေခံတဲ့ ကြားဖြတ်အစိုးရ တစ်ရပ်ဖွဲ့စည်းနိုင်ရေး ကိစ္စ ရှင်းပြရာမှာ တကယ်စစ်မှန်တဲ့ အသွင် ကူးပြောင်းရေး ကြားဖြတ်အစိုးရသာလျင် ပြည်သူကိုကိုယ်စားပြုတဲ့ အစိုးရဖြစ်တယ်လို့ခံယူပြီး ဒီလိုအစိုးရတစ်ရပ် ပေါ်ပေါက်လာတဲ့အထိ ဆောက်ရွက်သွားမယ် ဆိုတာကို ဖေါ်ပြခြင်းဖြစ်တယ်လို့ ဦးမြင့်သိဏ်းက ဘီဘီစီကို ပြောပါတယ်။