ရုပ်ရှင် သရုပ်ဆောင် ၄ ဦး လူမှုရေး လုပ်ခွင့် ပိတ်ပင်ခံရ

kyaw_thu
Image caption အပိတ်ပင်ခံရတဲ့ အနုပညာသည် တွေ

ရုပ်ရှင် သရုပ်ဆောင် ကိုကျော်သူ ဦးဆောင် တဲ့ နာရေး ကူညီမှု အသင်း မှာ ကူညီ နေကြ တဲ့ ရုပ်ရှင် သရုပ်ဆောင် ၄ ဦးကို အကူအညီ သွားမပေးဖို့ ရုပ်ရှင် အစည်း အရုံး က ပိတ်ပင် လိုက်ပါတယ်။

ပိတ်ပင်ခံ ရတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ ကတော့ ဟာသ သရုပ်ဆောင် ညီဂျော်၊ အမျိုးသမီး သရုပ်ဆောင်တွေ ဖြစ်တဲ့ ဂွမ်းပုံကြီး၊ သန်းသန်းစိုး နဲ့ ဆုရွှန်းလဲ့ တို့ ဖြစ်ပါ တယ်။

သူတို့က ကိုကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှု အသင်း အသင်းသားတွေ အတွက် ဖွင့်လှစ် တဲ့ သရုပ်ဆောင် သင်တန်းမှာ သွားရောက် သရုပ်ပြ ကူညီနေ ကြတာ ဖြစ်ပါ တယ်။

“ သူတို့ အနုပညာသမားတွေ ဒီကိုလာပြီး လုပ်အားပေးခွင့်ကို ရုပ်ရှင် အစည်းအရုံးက တားမြစ် တယ်၊ လုပ်အားပေးခွင့် မပြုတာ ဖြစ်တယ်” လို့ ရုပ်ရှင် သရုပ်ဆောင် ကိုကျော်သူ က ဘီဘီစီ ကို ပြောပြ ပါတယ်။

သူတို့ ရဲ့ နာရေး ကူညီမှု အသင်း ဟာ လူမှုရေး လုပ်တဲ့ အသင်း ဖြစ်ကြောင်း၊ လူမှုရေး လုပ်တာ ဟာ နိုင်ငံရေး လုပ်တာ မဟုတ်တဲ့ အကြောင်း တိုင်းပြည် ပုန်ကန်ဖို့ အတွက် လုပ်နေ တာ မဟုတ်ကြောင်း ၊ လူမှုရေး လုပ်တာ လူတိုင်း လုပ်ခွင့် ရှိကြောင်း၊ ရုပ်ရှင် အနု ပညာ သမားတွေ လူမှုရေး လုပ်ခွင့် ပိတ်ပင်တယ် ဆိုတာ တကယ်တော့ လူမှုရေး ခေါင်းပါး အောင် လုပ်တာ နဲ့ အတူတူပဲ ဖြစ်ကြောင်း ရုပ်ရှင် သရုပ်ဆောင် ကိုကျော်သူ က ဘီဘီစီ ကို ပြောပြ ပါတယ်။

မြန်မာနိုင်ငံ က အနုပညာသမားတွေ လူမှုရေး လုပ်ငန်းတွေ မှာ ပါဝင် ဆောင်ရွက်ရင် အာဏာပိုင် တွေ ရဲ့ အခုလို ပိတ်ပင် ခံရတာ တွေ ရှိ သလို အမြဲတစေ စောင့်ကြည့် တာ ကို လည်း ခံနေ ရ ပါတယ်။