မီဒီယာလွတ်လပ်ခွင့် နဲ့ ရွေးကောက်ပွဲ

burma media
Image caption မြန်မာ့မီဒီယာ လွတ်လပ်ခွင့်

ပြင်သစ်အခြေစိုက် နယ်စီးမခြား သတင်းထောက်များအသင်း RSF က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ အချိန်နီးလာ ပေမဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်မရှိသေးတဲ့ အပေါ် ဝေဖန်ရှုံ့ချ လိုက်ပါတယ်။

ဒီအချက်နဲ့ ပတ်သက်ပြီး ရန်ကုန်မှ သတင်းအယ်ဒီတာ ဦးသက်ဇင်က ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အတော်အသင့် ဖေါ်ပြခွင့်ရှိပေမဲ့ အကန့်အသတ် တွေရှိနေကြောင်း၊ ရွေးကောက်ပွဲ ကိုဖြစ်စေ၊ ရွေးကောက်ပွဲ ကော်မရှင်ကထုတ်ပြန် တဲ့ ဉပဒေကို ဝေဖန်ရေးသားမှု တွေကို ပိတ်ပင်လေ့ ရှိကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။

ရွေးကောက်ပွဲ နီးလာပေမဲ့ မီဒီယာမှာ လွတ်လပ်ခွင့် မရှိခြင်းဟာ ပြည်သူလူထု ကို ရွေးကောက်ပွဲ နဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် မပေးနိုင်တဲ့ အတွက် ပြည်သူဟာ ဘယ်လို မဲပေးရမယ်၊ သူတို့ မဲဆန္ဒနယ်မှာ မဲပုံး ဘယ်နှစ်ပုံး ရှိနိုင်မယ် ဆိုတာကို မသိနိုင်တဲ့ အကြောင်း ဦးသက်ဇင်က ရှင်းပြပါတယ်။

ဒီအချက်တွေကို မီဒီယာကပဲ ပေးနိုင်တဲ့အတွက် ပြည်သူအတွက် အရေးကြီးပုံ ကိုလဲ ပြောပြပါတယ်။ ပြည်သူတွေ အနေနဲ့ အနေနဲ့ ရွေးကောက်ပွဲ ဝင်မဲ့ နိုင်ငံရေး ပါတီအပြင်၊ ဝေဖန် သုံးသပ်ချက်၊ ဆန်းစစ်ချက်တွေ သိဖို့လိုကြောင်း၊ မီဒီယာ လွတ်လပ်ခွင့် မရှိတဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ ရွေးကောက်ပွဲ အနေနဲ့ ပြီးပြည့်စုံမှု မရှိနိုင်ပုံ ကို ဦးသက်ဇင်က ပြောပြပါတယ်။