ရခိုင်ဆရာတော် ကို ထောင်ချ

လွန်ခဲ့တဲ့ နှစ်လ ကျော်က စစ်တွေ မြို့မှာ ဖမ်းဆီး ခံခဲ့ရတဲ့ ဆရာတော် အရှင် ပညာ စာရကို စစ်တွေ ခရိုင်တရားရုံးက စက်တင်ဘာ ၂၈ ရက်နေ့က အလုပ် ကြမ်းနဲ့ ထောင်ဒဏ် တွေ ချမှတ် လိုက်ပါတယ်။

Image caption ဦးပညာစာရ ကျောင်းက မိဘမဲ့ ကလေး များ

ဆရာတော်ဟာ သူ့ရဲ့ ဘုန်းကြီး ကျောင်းမှာ မိဘမဲ့ ကလေးတွေ ကို စောင့်ရှောက် ပေးထား တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီး လူဝတ်လဲ ခံခဲ့ရ ပြီးတဲ့နောက် နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ သာသနာ ညှိုးနွမ်း စေမှု၊ ပစ္စည်း အလွဲသုံးစား လုပ်မှု အပါအဝင် အမှုပေါင်း များစွာနဲ့ စွပ်စွဲခံရတဲ့ အရှင် ပညာ စာရကို အမှု တစ်ခုချင်းစီ အတွက် အလုပ် ကြမ်း နဲ့ ထောင်ဒဏ် အသီးသီး ချမှတ် လိုက်တဲ့ နှစ်တွေကို ပေါင်းလိုက်ရင် စုစုပေါင်း ရှစ်နှစ်နဲ့ သုံးလ ဖြစ်ပါတယ်။

လောလောဆယ် တော့ ဆရာတော်ကို စစ်တွေ အကျဉ်းထောင် မှာပဲ ထားရှိ ပါတယ်။

စစ်တွေ မြို့သူ မြို့သားတွေ စိတ်ဝင် တစား ရှိကြတဲ့ ဆရာတော် ရဲ့ အမှုကို ကို တရား စီရင်ခဲ့ တာဟာ အများ သူငါ သွားရောက် ကြည့်ရှုနိုင် အောင် လူအများ ရှေ့မှောက်မှာ စီရင်တာ မဟုတ်တဲ့ အတွက် တရား မျှတမှု မရှိဘူးလို့ စစ်တွေ မြို့ခံတွေက ယူဆနေ ကြပါတယ်။

ဆရာတော် အရှင် ပညာစာရကို မာတုကာမနဲ့ ဖေါက်ပြန်တယ် ဆိုပြီး ဇူလိုင်လ (၂၇) ရက်နေ့ က ဖမ်းဆီး ခဲ့တာပါ။

ဘာသာရေး ထုံးထမ်း စဉ်လာအရ မာတု ကာမနဲ့ ဖောက်ပြန်တဲ့ ရဟန်းကို လူဝတ် လဲ လိုက်ရင် ကိစ္စပြီး ပေမဲ့ ဆရာတော်ကို လူဝတ်လဲ ခဲ့တဲ့ အပြင် အခုလို အများ ပြည်သူ ရှေ့ မှောက်မှာ တရား စစ်ဆေး တာမျိုး မလုပ်ဘဲ နှစ်ရှည် ထောင်ဒဏ် ချမှတ်လိုက်တဲ့ အတွက် စစ်တွေမြို့က ဆရာတော်ရဲ့ ဒကာ ဒကာမ တွေနဲ့ မြို့ လူထုက မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။