ရိုဟင်ဂျာကို မြန်မာပြည်သား အဖြစ်လက်ခံရေး

_refugees
Image caption ရိုဟင်ဂျာ ဒုက္ခသည် စခန်း

အမေရိကန် လွှတ်တော်အမတ် ခရစ္စတိုဖါ စမစ်က မြန်မာအစိုးရ အနေနဲ့ ရိုဟင်ဂျာ တွေကို နိုင်ငံသား အဖြစ် အပြည့်အဝ အသိအမှတ် ပြုဖို့ အောက်လွှတ်တော်မှာ အဆို တင်သွင်း ခဲ့ပါတယ်။

ဒါ့အပြင် သူတို့ကို သွားလာခွင့်၊ လက်ထပ်ခွင့်၊ ပညာသင်ခွင့် ကန့်သတ်တာတွေပါ ပယ်ဖျက် ပေးပြီး၊ တခြား တိုင်းရင်းသားတွေနဲ့ တန်းတူ အခွင့်အရေး ပေးဖို့ ပါ တိုက်တွန်းထားပါတယ်။

ခရစ္စတိုဖါ စမစ် နဲ့ တွေ့ဆုံခွင့် ရခဲ့တဲ့ ယူကေ ရိုဟင်ဂျာအသင်း ဉက္ကဌ ကိုထွန်းခင် က မြန်မာ အစိုးရ ဟာ ရိုဟင်ဂျာတွေကို လူမျိုးတုန်းအောင် လုပ်တဲ့ နေရာမှာ မတရားတဲ့ ကန့်သတ်ချက်တွေ အမျိုးမျိုး ချမှတ်ခဲ့တာ ကို ဘီဘီစီ ကို ရှင်းပြပါတယ်။

Christian Solidarity Worldwide ရဲ့ အရှေ့အာရှ ဆိုင်ရာ အဖွဲ့ခေါင်းဆောင် Benedict Rogers ကလဲ ရိုဟင်ဂျာ တွေကို မြန်မာနိုင်ငံသား အဖြစ် အသိအမှတ် ပြုသင့်ခြင်း အကြောင်းရင်း ကို ဗြိတိန် နိုင်ငံရောက် နိုင်ငံခြားသား တွေနဲ့ နှိုင်းယှဉ် ပြပါတယ်။ မျိုးဆက် သုံးဆက် ဗြိတိန်မှာ နေသူတွေကို ဗြိတိသျှ နိုင်ငံသား အဖြစ် လက်ခံ ပုံနဲ့ ဘီဘီစီ ကို နှိုင်းယှဉ် ပြောပြပါတယ်။

အခုတင်သွင်းတဲ့ ဆုံးဖြတ်ချက်ဟာ ရိုဟင်ဂျာတွေ အတွက်သာ မက၊ မြန်မာ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်ကြောင်း၊ မြန်မာ အစိုးရ ရဲ့ လူမဆန်တဲ့ ပြစ်မှုတွေ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့ဖို့ နဲ့လဲ ဆက်စပ်ကြောင်း ကိုထွန်းခင်က ရှင်းပြပါတယ်။