မြန်မာအရေးကုလ ဘာလုပ်ပေးမလဲ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း
Image caption ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း

လာမဲ့ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မြန်မာစစ် အစိုးရက လွှတ်မပေးတဲ့ အပေါ် စိုးရိမ်ပူပန်မိတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မကြာမီက ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲအပေါ်နိုင်ငံတကာက ယုံကြည်စိတ်ချမှု ရအောင် အစိုးရအနေနဲ့ လာမဲ့ နိုဝင်ဘာလ ၇ရက်မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ အတွင်းရေးမှူးချုပ်က အကြိမ်ကြိမ် တောင်းခံခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ လွတ်လပ်စွာပြောဆိုမဲဆွယ်ခွင့် စုဝေးဟောပြောခွင့် သတင်းမီဒီယာ လွတ်လပ်ခွင့်တွေပေးဖို့နဲ့ ဒီလိုမဆောင်ရွက်ရင် ရွေးကောက်ပွဲအပေါ်ယုံကြည်မှုရဖို့ မလွယ်ဖူးလို့ ကုလသမဂ္ဂကို အစီရင်ခံတဲ့ မြန်မာ့ လူ့အခွင့်ရေးအစီရင်ခံစာနဲ့ပတ်သက်လို့ ပြောသွားပါတယ်။

ဒီလို ထုတ်ဖေါ်ပြောဆိုတာဟာ ရွေးကောက်ပွဲကျင်းပချိန်နဲ့နီးကပ်လို့ ဘာမှ ထိရောက်မှုမရှိသလို NLD လိုပါတီမျိုးဖိအားပေးခံရစဉ်က ဒိထက်ပိုလုပ်ဆောင်ရင် အကျိုးရှိကောင်းရှိနိုင်တယ်လို့ ပြည်ထောင်စုဒီမိုကရစီပါတီမြန်မာပြည် ဥက္ကဌဟောင်း ကိုဖြိုးမင်းသိန်းက ဘီဘီစီကိုပြောသွားပါတယ်။