ဒေါ်အောင်ဆန်းစုကြည် Twitter သုံးမယ်

Daw Aung San Suu Kyi
Image caption လူငယ်တွေနဲ့ ဆက်သွယ်ဖို့ ဒေါ်စု ပြင်ဆင်

နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က နေအိမ် အကျယ်ချုပ်က လွတ်မြောက် လာတဲ့အခါ ကမ္ဘာကျော် လူမှုကွန်ယက် ဝက်ဘ်ဆိုဒ် တခုဖြစ်တဲ့ Twitter ကိုသုံးပြီး ပြည်တွင်း ပြည်ပက လူငယ်တွေနဲ့ ဆက်သွယ် လိုတယ်လို့ သိရှိရပါတယ်။

Twitter ဆိုတာ ကတော့ အင်တာနက် ကွန်ယက်ထဲမှာ ကိုယ်နဲ့ ဆက်သွယ် ထားသူတွေဆီကို သတင်း စကား အတိုလေးတွေ ချက်ချင်း ရောက်အောင် ပို့ပေးနိုင်တဲ့ အခမဲ့ ဝန်ဆောင်မှု တစ်ခုဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ခုခေတ် လူငယ်တွေရဲ့ တွေးခေါ်ပုံ နဲ့ စိတ်ဝင်စား မှုတွေကို သူသိ ချင်တယ် ဒါကို သူတို့နဲ့ တိုက်ရိုက် Twitter နဲ့ သုံးပြီးတော့ ပြောချင်တယ် လို့ သူ့ကိုပြောပြခဲ့တဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရခဲ့တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ဟာ ခေတ်မီ ဆက်သွယ်ရေး နည်းပညာ တွေကို အချိန် မရွေး နားလည် သုံးစွဲနိုင်တဲ့ အခြေ အနေရှိသူ ဖြစ်တဲ့ အကြောင်း NLD ရဲ့ ခေါင်းဆောင် လူကြီးပိုင်း တွေကိုလည်း ဒီလိုနည်း ပညာ တွေကို လေ့လာ သုံးစွဲဖို့ မကြာခဏ တိုက်တွန်း တတ်တဲ့ အပြင် လူငယ် တွေကိုလည်း ခေတ်မီ ဆက်သွယ်ရေး နည်းပညာ တွေဟာ အလွန် ထိရောက် တာသွားတဲ့ နည်းပညာ တွေဖြစ်တယ် ဆိုပြီး တိုက်တွန်း ပြောဆိုခဲ့တယ် လို့လည်း ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။