DKBA နဲ့ KNU တို့ တွေ့ဆုံဆွေးနွေး

DKBA
Image caption အပစ်ရပ်ထားတဲ့ DKBA အဖွဲ့အတွင်း နယ်ခြားစောင့်တပ်ကိစ္စမှာ ဘဘေားထားကွဲခဲ့

မြန်မာနအဖအစိုးရရဲ့ နယ်ခြားစောင့် တပ်ကို လက်မခံတဲ့ ဗိုလ်မှုးချုပ် စောလာဖွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေးရဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) တပ်မဟာ (၅) နဲ့ KNU တို့ မြဝတီမဲဆောက် နယ်စပ်တနေရာမှာ ကြာသပတေးနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြ တယ်လို့ ဆွေးနွေးပွဲကို စီစဉ်ခဲ့သူတွေက ဘီဘီစီကို ပြောပါတယ်၊၊

တကယ်လို့ နအဖအစိုးရကနေ DKBA တပ်မဟာ (၅) ကို ထိုးစစ် ဆင်လာရင် KNU ဘက်က ဘာများကူညီနိုင်မလဲဆိုတဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးကြတာဖြစ် တယ်လို့ ဆွေးနွေးပွဲကို စီစဉ်ခဲ့သူတွေကဆိုပါတယ်၊၊

လောလောဆယ် နအဖဘက်က စစ်ရေးဖိအားတွေ မရှိသေးပေးမယ့် နောင်မှာ ရှိလာနိုင်တယ်လို့ DKBA ဘက်က တွက်ဆထားဟန်ရှိပါတယ်၊၊

DKBA အဖွဲ့အတွင်းမှာ နယ်ခြားစောင့်တပ်ကို လက်ခံထားသူတွေ ရှိသလို ဗိုလ်မှူးချုပ် စောလာဖွယ်က လက်မခံပါဘူး။

အခု ဆွေးနွေးပွဲကို ဦးဆောင်သူတွေထဲမှာ DKBA ဘက်က ဗိုလ်မှူးစောကျော်သက် ပါဝင်ပါတယ်။၊ သူကတော့ DKBA တပ်မဟာ(၅)ရဲ့ (၉ဝ၂)တပ်ရင်းက ဖြစ်ပါတယ်၊၊

KNU ဘက်ကတော့ တပ်မဟာ(၆)ရဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဂျိုး ပါဝင်ပါတယ်။ KNU ရဲ့ တွဲဖက်အတွင်းရေးမှူးဟောင်းဖြစ်တဲ့ ဗိုလ်မှူး တူးတူးလေးလည်း တက်ရောက် ဆွေးနွေးခဲ့တယ် လို့သိရပါတယ်၊၊

မြန်မာနအဖအစိုးဘက်ကလည်း DKBA နဲ့ ညှိနှိုင်းမှုတွေ လုပ်ဖို့ ကြိုးစားသေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ (၁၄) ရက်ကလည်း နအဖပန်ကြားချက်နဲ့ မြိုင်ကြီးငူဆရာတော် ကလည်း ဗိုလ်နှုတ်ခမ်းမွှေးတို့နဲ့ လာပြီး ညှိနှိုင်းခဲ့ပါတယ်။

နောက်ပြီး အောက်တို ဘာလ(၁ဝ)ရက် လောက်က မြဝတီကတပ်မမှူးတွေရဲ့ ညွှန်ကြားချက်နဲ့ စရဖတွေက ဗိုလ်မှူးစောကျော်သက် ကိုဆက်သွယ်ခဲ့တယ်လို့ DKBA ဘက်ကဆိုပါတယ်၊၊

ဒါပေမဲ့ ဗိုလ်မှူးချုပ်စောလာဖွယ်ခေါ် ဗိုလ်နှုတ်ခမ်း မွှေးကတော့ ငြိမ်းချမ်းရေးအတွက် ဒါမှမဟုတ် မြဝတီမြို့ပေါ် တည်ငြိမ်ရေးအတွက် ဆိုရင်တော့ အဲဒီကမ်း လှမ်းချက်ကို လက်ခံပြီးဆွေးနွေးမယ်လို့ အကြောင်းပြန်ကြားလိုက်ပေမယ့် အဲဒီနောက်ပိုင်း ဆွေးနွေးပွဲမဖြစ်သေးဘူးလို့ သိရပါတယ်။