ကချင် ဌာနချုပ်စျေး မီးလောင်

KIO fire
Image caption ကချင် ဌာနချုပ် လိုင်ဇာ အနီး စျေးမီးလောင်

ကချင် လွတ်မြောက် ရေးအဖွဲ့ KIO ဌါနချုပ် တည်ရှိရာ တရုပ် မြန်မာ နယ်စပ် ကချင်ပြည်နယ် လိုင်ဇာမြို့မှာ မနေ့ ည ၁၂ ဝန်းကျင်အချိန်က မီး အကြီး အကျယ် လောင်ခဲ့တယ်လို့ သိရပါတယ်။

ဒီမီးဟာ ၃ နာရီ လောက် အကြာမှာ မီးညွန့် ကျိုးသွား ခဲ့ပေမယ့် ဒီကနေ့ မနက် ၁၂ နာရီ လောက်ကျမှ မီးကို အပြီးသတ် ညှိမ်းသတ် နိုင်ခဲ့ပါတယ်။

လိုင်ဇာ မြို့လည် လိုင်ဇာ ဈေးကြီးထဲက ဆိုင်တစ်ဆိုင် ကနေ စတင် မီးလောင် ခဲ့ပြီး ဈေးကြီး တခုလုံး နီးပါး မီးသင့် လောင်ကျွမ်း ခံရတယ်လို့ လည်း သိရပါတယ်။ ဆိုင်ခန်း ၁၁၉ ခန်းနဲ့ အိမ် ၉ လုံး မီးသင့် လောင်ကျွမ်း ခံလိုက်ရပြီး ပျက်စီး ဆုံးရှုံး ရတဲ့ ပစ္စည်း တန်ဘိုးနဲ့ ငွေသား တန်ဘိုး နှစ်ခုပေါင်း ကျပ်ငွေ သိန်း ၈၀၀၀ ကျော်လောက် ရှိမယ်လို့ ဒေသခံတစ်ဦးက ခန့်မှန်း ပြောဆိုပါတယ်။

ဘာ့ကြောင့် အခုလို မီးလောင် ရတယ် ဆိုတာ ကိုတော့ အခု အချိန် အထိ ရှင်းရှင်း လင်းလင်း မသိရ သေးပေမယ့် KIO ဌါနချုပ် တာဝန် ရှိသူများက မီးလောင်ကျွမ်းမှု ကိစ္စကို အသေးစိတ် စုံစမ်း စစ်ဆေးနေတဲ့ အကြောင်း ကြားသိရပါတယ်။