ကလေးမြို့ကြေညာစာတမ်းကို SNLD က ထောက်ခံ

snld
Image caption အမျိုးသား ညီလာခံ တက်စဉ် က SNLD

ဒီနေ့ ကျရောက်တဲ့ SNLD ရဲ့ ၂၂ နှစ်မြောက် နှစ်ပါတ်လည်နေ့မှာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း က ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး သဘော တူညီချက် ဖြစ်တဲ့ ကလေး မြို့ ကြေညာ ချက်ကို SNLD ရှမ်း အမျိုးသား များ ဒီမိုကရေစီ အဖွဲ့ချုပ် က ထောက်ခံ တယ် လို့ ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

ပြည်တွင်းမှာ ဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့ စကားလုံးကို အရင်တုန်းက ထင်ထင်ရှားရှား အသုံးပြုခဲ့တဲ့ အခြေအနေ မရှိ ပေမယ့် အခုတော့ ကလေးမြို့ ကြေညာ စာတမ်း မှာ ဒီစကားလုံးကို ထင်ထင်ပေါ်ပေါ် အသုံးပြုလာကြောင်း နဲ့ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေး မဟုတ်ပဲ ပြည်ထောင်စု စစ်စစ်မူ ဖြစ်တယ်ဆိုတာ အရင်ကတည်းက နိုင်ငံရေး လုပ်တဲ့ ပုဂ္ဂိုလ်တွေက ရှင်းရှင်းလင်းလင်း လက်ခံထားပြီး ဖြစ်ပေမယ့် အခြေအနေ အရ ထုတ်ဖေါ် ပြောကြား နိုင်တဲ့ အနေအထားမျိုး မရှိခဲ့တဲ့ အကြောင်း အခုတော့ ပြတ်ပြတ် သားသား ထုတ်ဖေါ် ပြောဆိုလာတဲ့ သဘောလို့ ပြောနိုင် တဲ့အကြောင်း SNLD ရဲ့ ပြောရေး ဆိုခွင့်ရှိသူ စိုင်းလိတ် က ပြောပါတယ်။

သို့သော်လည်း ပဲ ဖက်ဒရယ် ပြည်ထောင်စု အကောင် အထည်ဖေါ်ဖို့ အတွက် ဒုတိယ ပင်လုံ ညီလာခံ ဆိုတာမျိုး ခေါ်ဖို့ အတွက် အချိန် သတ်မှတ် ကန့်သတ် နိုင်တာမျိုး တော့ မရှိသေးတဲ့ အကြောင်း SNLD ရဲ့ ပြောရေးဆိုခွင့် ရှိသူ စိုင်းလိတ်က ဘီဘီစီ ကို ပြောပြ သွားပါတယ်။

ကလေးမြို့ ကြေညာစာတမ်း အပေါ် ထိုင်းမြန်မာ နယ်စပ်မှာ အခြေစိုက်တဲ့ DAB မြန်မာ ပြည် ဒီမိုကရက်တစ် မဟာမိတ်များ အဖွဲ့ချုပ် က လည်း ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန် ထားပါတယ်။