သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရွေးကောက်ပွဲတွေ လွတ်လပ်မျှတမှာလား (အပိုင်း ၂)

Image caption မဲမသမာမှုတွေ မဖြစ်အောင် စောင့်ကြည့်ဖို့လို

ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီရဲ့ ခရီးအစလို့ ပြောလေ့ရှိပါတယ်။ ရွေးကောက်ပွဲတွေကို ပြည်သူက နိုင်ငံတကာက လက်ခံနိုင်ဖို့ဆိုရင် ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတဖို့ လိုတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ရွေးကောက်ပွဲတွေ လွတ်လပ်မျှတဖို့ ဆိုရင် ဘယ်လို အချက်တွေနဲ့ ပြည့်စုံရပါမလဲ၊ အဲဒီလို အချက်တွေနဲ့ မြန်မာနိုင်ငံမှာ လုပ်မယ့် ရွေးကောက်ပွဲတွေက ဘယ်လောက်အထိ ပြည့်စုံနေပါသလဲ၊

အခု ဒုတိယပိုင်းမှာတော့ ရွေးကောက်ပွဲနေ့မှာ မဲမသမာမှုတွေ ဖြစ်မလာအောင် ဘယ်လို အချက်တွေကို စောင့်ကြည့်သွားရမလဲ ဆိုတာ နားဆင်ရမှာပါ။

အမေရိကန် အခြေစိုက် Democracy International အဖွဲ့ကို တည်ထောင်သူ Eric Bjornlund၊ မြန်မာနိုင်ငံရှေ့နေများကောင်စီ အထွထွေအတွင်းရေးမှူး ဦးအောင်ထူး၊ ထိုင်းနိုင်ငံ အခြေစိုက် လွတ်လပ်တဲ့ ရွေးကောက်ပွဲများ ဖြစ်ပေါ်ရေး အာရှကွန်ယက်အဖွဲ့ရဲ့ ဒါရိုက်တာ ဆွမ်စရီ ဟာနန်တာဆွတ်၊ ရွေးကောက်ပွဲဝင်မယ့် ပြည်ထောင်စု ဒီမိုကရေစီပါတီ ဒုဥက္ကဌ ဦးဌေးတို့ နဲ့ ကိုမင်းထက်က ဆွေးနွေး တင်ပြထားပါတယ်။