ရွေးကောက်ပွဲကို နိုင်ငံတကာက ဝေဖန်

Benigno
Image caption ရွေးကောက်ပွဲကို သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Kevin Rudd ဝေဖန်

မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ဝေဖန် ပြောကြား မှုတွေ ထပ်မံ ပေါ်ထွက် လာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ တွေဟာ နိုင်ငံတကာ အဆင့် အတန်းနဲ့ မကိုက်ညီဘူး၊ တရား မျှတမှုလည်း မရှိဘူးလို့ ဥရောပ သမဂ္ဂ က ထုတ်ဖော် ပြောဆိုပြီး ကန့်ကွက်လိုက်ပါတယ်။

သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Kevin Rudd ကလည်း မြန်မာ ရွေးကောက်ပွဲ တွေဟာ လွတ်လပ် တရားမျှတ တယ်လို့ ပြောနိုင်ဖို့ ဝေးလွန်းတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပြီး မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ ရလာဒ်တွေကို ဘယ်လို တိတိ ကျကျ ထုတ်ပြန် မလဲ ဆိုတာ အနီးကပ် စောင့်ကြည့်နေ တယ် လို့ ပြောသွားပါတယ်။

အာဆီယံ နိုင်ငံတွေ ဘက်ကို ကြည့်မယ် ဆိုရင် အခုချိန် အထိ တရားဝင် ထုတ်ပြန် ကြေငြာတာမျိုး မတွေ့ရသေးပါဘူး။

အာဆီယံ အဖွဲ့ အနေနဲ့ ထုတ်ဖော် ဝေဖန်တာ မရှိပေမဲ့ တနိုင်ငံချင်းစီ အနေနဲ့ကတော့ ဖိလစ်ပိုင် နိုင်ငံ သမ္မတ Benigno Aquino က ရွေးကောက်ပွဲမှာ မဲလာပေးသူ နည်းတာဟာ ဒေါ် အောင်ဆန်းစုကြည်ကို ပါဝင်ခွင့် မပေးတဲ့ အတွက် ဖြစ်တယ် လို့ ပြောဆိုရင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆို လိုက်ပါတယ်။

တခါ အိန္ဒိယ နိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် သမ္မတ အိုဘားမားကလည်း အိန္ဒိယ အစိုးရ အနေနဲ့ မြန်မာနိုင်ငံက လူ့ အခွင့်အရေး အခြေအနေ တွေနဲ့ ပတ်သက်ပြီး ထုတ်ဖော် ပြောဆိုခြင်း မရှိတဲ့ အတွက် ဝေဖန် ပြောဆိုလိုက်ပါတယ်။

အိမ်နီးချင်း တရုတ် နိုင်ငံမှာ တော့ မြန်မာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူတို့ နိုင်ငံရဲ့ သတင်း မီဒီယာ တွေမှာ ကျယ်ကျယ် ပြန့်ပြန့် ဖော်ပြထားတာ တွေ့ရပြီး ထုတ်ဖော် ဝေဖန် ပြောဆိုတာ တွေတော့ မရှိဘူးလို့ သိရပါတယ်။