မြန်မာ့ရွေးကောက်ပွဲ နဲ့ မီဒီယာလွတ်လပ်မှု

media

စစ်အစိုးရ က ရွေးကောက်ပွဲ ကို လိုချင်တဲ့ ရလဒ်ရအောင် မီဒီယာ သမားတွေကို မဲရုံ ကိုဖိတ်ခေါ် ပေမဲ့ မိမိ မေးလိုတဲ့ မေးခွန်း မေးခွင့် မရသလို၊ ဓါတ်ပုံ လဲ ရိုက်ခွင့် မရကြပါဘူး။ တဖက်မှာ တော့၊ အစိုးရရုပ်သံ နဲ့ သတင်းစာတွေမှာ လွတ်လပ်စွာ သတင်းယူခွင့် ပေးဟန်၊ ဖေါ်ပြကြပါတယ်။

ရုပ်အဆိုးဆုံး ပြကွက်ကတော့ သံတမန် တွေနဲ့ သတင်းထောက်တွေ လေ့လာ ကြည့်ရှု ခွင့်ပြုတဲ့ မဲရုံဟာ စံပြမဲရုံ အနေနဲ့ စီစဉ်ထားပြီး ရွေးကောက်ပွဲ ကော်မရှင် ဉပဒေ၊ နည်းဉပဒေ အတိုင်း ဆောက်လုပ်ထားပုံ၊ ဒါပေမဲ့ မလှမ်းမကမ်း မှာရှိတဲ့ မဲရုံ ကိုတော့ လေ့လာ ခွင့်မပြုတဲ့ အကြောင်း၊ ဂျာနယ် သတင်းထောက် တွေက ဘီဘီစီ ကို ပြောပြပါတယ်။

လျှို့ဝှက် မဲပေးခန်း အနေနဲ့ မလုံခြုံရာမှာ၊ မဲဆန္ဒရှင် ဟာ ဘယ်သူ့ ကိုပေးတယ်၊ ဘာခြစ်တယ် ဆိုတာ သိနေကြတာကိုလဲ ရှင်းပြကြပါတယ်။ ကြိုတင်မဲ အကြောင်း ရေးခွင့်ရပေမဲ့၊ မဲလိမ်တာ၊ မဲပေါင်း၊စါရင်းပြောင်း တာတွေတော့ ရေးသားခွင့် မရတာကိုလဲ ပြည်တွင်း သတင်းထောက်တွေက ရှင်းပြကြပါတယ်။