အမျိုးသား ညီညွတ်ရေး ဒေါ်စုကို ဗဟိုပြုဖို့ တောင်းဆို

88
Image caption ဒေါ်စုကို ဗဟိုပြု ညီညွတ်ကြဖို့ တောင်းဆို

မြန်မာ နိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ၈၈ မျိုးဆက် ကျောင်သားများအဖွဲ့နဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် တို့က ဒေါ်အောင်ဆန်း စုကြည်ကို ဗဟိုပြုပြီး အမျိုးသား ညီညွတ် ရေးတည်ဆောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဖဆပလ အဖွဲ့ချုပ်ကြီးကို ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ပြီး အမျိုးသားရေး အင်အားစုတွေ အားလုံး ညီညွတ် စုစည်းခဲ့တဲ့ ပုံသဏ္ဍန်နဲ့ အလားတူ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုပြီး လူမျိုးပေါင်းစုံ ပါဝင်တဲ့ အမျိုးသား ညီညွတ်ရေး အင်အားစု တရပ် ဖွဲ့စည်းကြဖို့ လိုတယ်လို့ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ရဲ့ တိမ်းရှောင်နေတဲ့ ခေါင်းဆောင် ကိုထွန်းမြင့်အောင်က ပြောပါတယ်။

အခုချိန်ဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အပြီး မဲသမာမှုတွေကို လူထုက မကျေမနပ် ဖြစ်နေတဲ့ အချိန်၊ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက လွှတ်ပေးလိုက်တဲ့ အချိန်နဲ့ တိုင်းရင်းသား ဒေသတွေမှာ စစ်မက် ဖြစ်ပွားနေတဲ့ အချိန်တွေ တိုက်ဆိုင်နေတာမို့ ဒီလို အချိန်မျိုးမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်တဲ့ ညီညွတ်ရေး တပ်ပေါင်းစုကို စုစည်းနိုင်မယ် ဆိုရင် အများပြည်သူ လိုလားတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဆီ ဦးတည်နိုင်လိမ့်မယ်လို့ ကိုထွန်းမြင့်အောင်က ဆိုပါတယ်။