ဒေါ်အောင်ဆန်း စုကြည် အလုပ်တွေ ဆက်လုပ်

စနေနေ့ကပဲ နေအိမ် အကျယ်ချုပ်က နေ လွတ်မြောက် လာခဲ့ တဲ့ ဒေါ် အောင်ဆန်း စုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ် မှာ အန်အယ်လ်ဒီ ဥပဒေ ရေးရာ အဖွဲ့တွေ၊ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်တွေ၊ တိုင်းနဲ့ ပြည်နယ်က အဖွဲ့ဝင်တွေ ကို တွေ့ဆုံခဲ့ပါတယ်။

Image caption ဒေါ်အောင်ဆန်း စုကြည် အလာကို စောင့် နေ ကြ တဲ့ သတင်း ထောက် တွေ

အန်အယ်လ်ဒီ လူငယ် အဖွဲ့ဝင်ဟောင်း သုံး ယောက်နဲ့ တွေ့ဆုံခဲ့ တာကတော့ ထူးခြား တယ်လို့ ဆိုနိုင် ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က အန်အယ်လ်ဒီ အဖွဲ့ ခေါင်းဆောင် လူကြီးတွေနဲ့ သဘာထားချင်း ကွဲလို့ အဖွဲ့ကနေ ထွက်ပြီး လူမှုရေး လုပ်ငန်း တွေကို သီးခြား လုပ်ဆောင် နေကြတဲ့ ကိုနေခြည်မင်း၊ ကိုနိုင်ငံလင်းနဲ့ ကိုဉာဏ်ဝင်းအောင်တို့ကို ဒေါ်အောင်ဆန်း စုကြည်က သီးခြား ခေါ်ယူ ဆွေးနွေးခဲ့ တာပါ။

သူတို့ သုံးယောက်ကို ခေါ်ယူ တွေ့ဆုံ တာဟာ နေအိမ် အကျယ်ချုပ်ကနေ လွတ်လွတ်ချင်း မှာ ဒီမိုကရေစီ အင်အားစုတွေ အားလုံးနဲ့ လက်တွဲ ဆောင်ရွက်သွား လိုတယ် လို့ ပြောခဲ့တဲ့ အတိုင်း ဒေါ်အောင်ဆန်း စုကြည်က ပါတီနဲ့ သဘောထားချင်း မတူတဲ့ လူငယ် တွေကို စုစည်းဖို့ ကြိုးပမ်းတဲ့ လက္ခဏာ လို့ မြင်ရပေမဲ့ သွားရောက် ဆွေးနွေးခဲ့သူ ကိုနေခြည်မင်း ကတော့ သူတို့က အဖွဲ့ချုပ်နဲ့ ကင်းကွာ သွားလို့ ခေါ်တွေ့တဲ့ သဘောပါလို့ ဘီဘီစီကို ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဒီကနေ့ လုပ်ဆောင်မှု တွေထဲမှာ သြစတြေးလျ နိုင်ငံ ဝန်ကြီးချုပ် နဲ့လည်း တယ်လီဖုန်း ကနေ တဆင့် စကား ပြောခဲ့ တာလည်း ပါပါတယ်။

အဖွဲ့ချုပ်ရုံးကို လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရအောင် စောင့်နေကြတဲ့ လူတွေက အရင် နေ့တွေက လောက် မများ ပေမဲ့ အတော်များများတော့ ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ မေးမြန်းခွင့် ရဖို့ ရုံးချုပ်မှာ လာရောက် စောင့်ဆိုင်း နေခဲ့ ကြတဲ့ သတင်း မီဒီယာ အမြောက်အများ ရှိခဲ့ပါတယ်။ အဲဒီ သတင်း မီဒီယာ တွေထဲက ဝါရှင်တန် ပို့စ်တ် သတင်းစာနဲ့ ရော ဘီဘီစီ ရုပ်မြင် သံကြား သတင်းထောက် တွေရဲ့ တွေ့ဆုံ မေးမြန်း ချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ ပါတယ်။