အာဏာရှိသူကို ဒေါ်စု ညင်သာစွာ ကိုင်ရမယ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားနေ တယ်လို့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင်က ဘီဘီစီကို ပြောပါတယ်။

Image caption ရွေးကောက်ပွဲမှာ ရှုံးခဲ့တဲ့ နိုင်ငံရေးပါတီတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ပြင်ဆင်

ပါတီအတွင်းရေးမှူး ဦးနေမျိုးဝေက လော လောဆယ်မှာ သူတို့ပါတီက လူတယောက် ဒေါ်စု အနားရောက်နေပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ စကားပြောဖို့၊ ဆွေးနွေးတင်ပြနိုင်ဖို့ လုပ်နေပါတယ်လို့ ပြောပါတယ်။

သူတို့အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုရဲ့ နိုင်ငံရေး ရေချိန်အမှန်ကို သိစေ ချင်တယ်၊ အပျော့ပြောင်းဆုံးနည်းနဲ့ လုပ်မှ ရမယ်ဆိုတဲ့ သတင်းစကားကို ဒေါ်အောင်ဆန်း စုကြည်ကို ပါးလိုတယ်လို့ ဦးနေမျိုးဝေက ပြော ပါတယ်။

တည်ဆဲအစိုးရဘက်ကတော့ အာဏာကို ထိပါးမယ်ဆိုရင် လက်ခံနိုင်မှာ မဟုတ်လို့ ဒေါ်စု အနေနဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး၊ ဒီမိုကရေစီရေးမှာ အညင်သာဆုံးနည်းနဲ့ပဲ သွားရလိမ့် မယ်လို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဖက်က အလုပ်တွေပိနေလို့ ဒီလကုန်အထိမှ တွေ့ဖို့လွယ်ဘူးဆိုရင် အနည်းဆုံး စာနဲ့တော့ တင်ပြရလိမ့်မယ်လို့ ဦးနေမျိုးဝေက ဘီဘီစီကို ပြောပါတယ်။