ဒီကေဘီအေ က သုံးရက် အပစ်ရပ်မယ် ပြောပါတယ်။

dkba
Image caption ဒီကေဘီအေ တပ်ဖွဲ့ဝင်

ဒီကနေ့ တနင်္လာနေ့ ကစလို့ ဒီကေဘီအေ တပ် အနေနဲ့ သုံးရက် တဖက်သတ် အပစ်ရပ်ထားမယ်လို့ ဗိုလ်မှူးချုပ် စောလာဖွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေး က ဘီဘီစီ ကို ပြောပါတယ်။

အကြောင်းရင်း ကတော့ အစိုးရတပ် နဲ့ ဒီကေဘီအေ ပစ်ခတ်ကြရာမှာ အပြစ်မဲ့တဲ့ အရပ်သားတွေ အသေအပျောက် ရှိတတ်လို့ ဖြစ်ကြောင်း၊ လူထု ကို ငဲ့ညှာတဲ့ အနေနဲ့ အပစ်ရပ် ရတဲ့ အကြောင်း ဗိုလ်မှူးချုပ် စောလာဖွယ် ကရှင်းပြပါတယ်။

ဒါပေမဲ့ အစိုးရတပ်က ထိုးစစ် ဆင်လာရင်တော့ ပြန်လည် တိုက်ခိုက် ကာကွယ်ရမယ်လို့ ပြောပါတယ်။

တကယ်တော့ ဗိုလ်မှူးစောလာဖွယ် ရဲ့ တပ်ဟာ မြဝတီမြို့ က ဆုတ်ခွာလာပြီးတဲ့ နောက်မှာ အစိုးရတပ်ရဲ့ လိုက်လံ တိုက်ခိုက်မှု ခံခဲ့ရပါသေးတယ်။ ဒီနောက်ပိုင်းမှာ ကေအန်ယူ တပ်နဲ့ ပူးတွဲစစ်ဆင်မှု သဘောတူလာတါပါ။