ဒေါ်စုနဲ့ အမျိုးသမီး အဖွဲ့ တွေ့ဆုံ။

ASSK Son
Image caption ဒေါ်အောင်ဆန်း စုကြည်နဲ့ သား ရွှေတိဂုံ ဘုရားဖူး ရောက်

မြန်မာနိုင်ငံတဝန်း ပြည်နယ်တိုင်း အစုံက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသမီး အဖွဲ့တွေနဲ့ ဗဟို အမျိုးသမီး အထောက်အကူအဖွဲ့ တို့ဟာ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။

ရခိုင်ပြည်နယ်က ဂီရိမုန်တိုင်းသင့် ဒုက္ခသည်တွေရဲ့ ပြဿနာ၊ လူကုန်ကူးမှု ပြဿနာ၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး အင်္ဂါဆုတောင်းအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေအပါအဝင် နိုင်ငံရေး ၊ စီးပွားရေး၊ လူမှုရေးနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဒေါက်တာမေဝင်းမြင့်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ကင်မ်အဲရစ်တို့ဟာ ရွှေတိဂုံဘုရားကိုလည်း ဒီနေ့ သွားရောက်ဖူးမျှော်ခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ ၁၃ ရက်နေ့တုန်းက အိမ်ချုပ် ချုပ်နှောင်ခံရရာက လွတ်မြောက်လာပြီး နောက်မှာ နိုင်ငံရေး အင်အားစုအသီးသီး အလွှာအသီးသီးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။