တိုက်ပွဲကြောင့် ကရင်ဒုက္ခသည်များထွက်ပြေး

ကရင်ဒုက္ခသည်များ ထိုင်းဘက်ရောက်
Image caption ကရင်ဒုက္ခသည်များ ထိုင်းဘက်ရောက်

ကရင်ပြည်နယ်၊မြဝတီမြို့ တောင်ဖက်နယ်စပ်အနားက၊ မင်းလက်ပံ၊ ဖလူးလေး၊ ဖလူးကြီး ရွာတွေဖက်မှာ မနေ့က တညလုံးနဲ့ ဒီမနက်အထိ တိုက်ပွဲဖြစ်တဲ့ အသံမကြားရလို့ ထိုင်းအာဏာပိုင်တွေက စစ်ပြေးဒုက္ခသည်တွေကို အသုတ်လိုက်၊ မြန်မာဖက်ကိုပြန်ပို့နေတုံးမှာ နယ်စပ်နဲ့ပိုအတွင်း ကျတဲ့အ နားမှာတိုက်ပွဲဖြစ်လို့ ပြေးလာတဲ့၊ရွာသားတွေကလည်းထိုင်းဖက်ကို ရောက်လာနေပါ တယ်။နယ် စပ်အနားက ရွာသားတွေပြန်လို့မကုန်ခင်မှာပဲ ညနေပိုင်းမှာ နယ်စပ်အနားမှာ တိုက်ပွဲပြန် ဖြစ်လာပြန်ပါတယ်။

မင်းလက်ပံ၊ ဖလူးလေးနဲ့ ဖလူးကြီးရွာသားစစ်ပြေးဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက မွန်းတည့်ချိန်လောက်ကနေ အသုတ်လိုက် မြန်မာ ဖက်ကမ်းကို ပြန်ပို့နေတုံး ညနေပိုင်းကျတော့၊ဖလူး ကြီးဖက်မှာ မော်တာစိန်ပြောင်းတွေနဲ့ပစ်ခတ်ပြီး တိုက်ပွဲပြန်ဖြစ်သွားတာပါ။

ဒီလိုတိုက်ပွဲပြန်ဖြစ်နေလို့မြန်မာဖက်ကိုပြန်သွားကြတဲ့သူတွေဟာထိုင်းဖက်မဲ့ကုတ်ကင်းရွာဘုန်း ကြီးကျောင်းကိုအုပ်စုလိုက်ပြန်ပြေးလာနေတာ၊အခုညဉီးပိုင်းမှာလူ ၂ ရာကျော်လောက်ပြန် ရောက် နေပြီဖြစ်ပါတယ်။ မနက်တုံးကမင်းလက်ပံ၊ ဖလူးလေးနဲ့ဖလူးကြီးရွာသားတွေကို မြန်မာဖက်ပြန်ပို့နေတုံးမှာ ရွာသားတွေ ပြန်ဖို့စိတ်လေးနေတာကို တွေ့ရပါတယ်။

သူတို့တွေပြန်နေတဲ့အချိန်မှာ၊ နယ်စပ်ဖလူးရွာကနေအတွင်းဖက်ကို ၃မိုင်လောက် ဝေးတဲ့နေရာ မှာရှိတဲ့၊ ရသေ့ပူရွာမှာမနေ့ညက တိုက်ပွဲဖြစ်လို့ဆိုပြီးရွာသား၂ ရာလောက်ထိုင်းဖက်ကို ထွက်ပြေး လာတာတွေ့ရပါတယ်။

ပြေးလာတဲ့ရွာသားတွေအထဲက တယောက်ပြောတာကကိုးနာရီအချိန်မှာ ပစ်ခတ်သံကြားတော့၊ တောထဲမှာပဲပုန်းပြီးတော့၊ ဒီမိုးမလင်းတလင်းတော့၊ ရှောင်ပြီးတော့၊ ထွက်ပြေးတာပေါ့။ ဒီဖက်ကမ်းကိုကူးလာတာပေါ့။ပြန်ခိုင်းရင်လည်း၊ပြန်မရဲသေးဘူးပေါ့။အခြေအနေကြည့်အုံမယ်လို့ရသေ့ပူရွာသား ပြောပြတာဖြစ်ပါတယ်။

အခုအနေအထားအရ၊မြ၀တီမြို့တောင်ဖက် ဆယ်မိုင်၊ ဆယ့်ငါးမိုင်းပတ်ဝန်းကျင်မှာ ဒီကေဘီအေတွေရှိနေတုံးမို့လို့ တိုက်ပွဲတွေကတော်ရုံနဲ့ပြီးသွားမယ့်ပုံ မတွေ့ရသေးဘူးလို့ သတင်းရရှိပါတယ်။