ကမ္ဘာ့ အေအိုင်ဒီအက်စ် နေ့

Aids day
Image caption ကမ္ဘာ့ အေအိုင်ဒီအက်စ် နေ့

ဒီဇင်္ဘာလ ၁ ရက်နေ့ဟာ ကုလသမဂ္ဂ က သတ်မှတ်ထားတဲ့ HIV/AIDS တိုက်ဖျက်ရေး အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန နဲ့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး တို့ရဲ့ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံမှာ ၂ဝဝ၉ ခုနှစ် နှောင်းပိုင်းမှာ HIV/AIDS ဝေဒနာရှင်ပေါင်း နှစ်သိန်း လေးသောင်း ရှိကြောင်း ပြောပါတယ်။

ဝေဒနာရှင်တွေ အနေနဲ့ ပတ်ဝန်းကျင်ရဲ့ ခွဲခြား ဆက်ဆံမှုတွေ ခံရဆဲ ဖြစ်တဲ့ အကြောင်း၊ ရန်ကုန်တိုင်း တောင်ဒဂုံ မှ HIV ဝေဒနာရှင် အမျိုးသမီးလေး တဦးက ဘီဘီစီ ကိုပြောပြပါတယ်။

ဝေဒနာရှင်တွေနဲ့ အတူ ရောနှော နေထိုင်ခြင်းအားဖြင့် HIV ရောဂါ ကူးနိုင်ပါသလား လို့ ထိုင်းနိုင်ငံ အခြေစိုက် World Vision မှ HIV နည်းပညာ အရာရှိ ဒေါက်တာ အိအိခင် ကိုမေးရာမှာ ကျန်းမာရေး အသိ အခြေခံ အရ နေထိုင်ရင်၊ မကူးဆက်နိုင်ကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။