AIDS အခမ်းအနား NLD မှာကျင်းပ

ဒေါ်အောင်ဆန်းစုကြည် AIDS အခမ်းအနားတက်
Image caption ဒေါ်အောင်ဆန်းစုကြည် AIDS အခမ်းအနားတက်

ကမ္ဘာ့ AIDS နေ့ အခမ်းအနားကို ဒီကနေ့ရန်ကုန်မြို့ အမျိုးသားဒီမိုရရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို AIDS ဝေဒနာရှင်တွေ အပါအဝင် လူ ၄၀၀လောက်တက်ရောက် ခဲ့ကြပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက် အားပေးစကား ပြောကြားခဲ့ပါတယ်။

ဒီအခမ်းအနားမှာ အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည်က အားပေးစကားပြောတဲ့ အကြောင်း ပြီးတော့ သူ့အနေနဲ့ အခမ်းအနား လုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြကာ ဦးလှမင်းက အဖွဲ့ရဲ့ လုပ်ငန်းစဉ်အကျဉ်းချုပ်ကို ပြောပြခဲ့တယ်လို့ AIDS ရောဂါဝေဒနာရှင်များ ကူညီစေါင့်ရှောက်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မဖြူဖြူသင်းက ပြောပါတယ်။

ဒီနှစ်မှာကျင်းပတဲ့ ဒီအခမ်းအနားမှာ အရင်နှစ်တွေကထက် တိုးလာတဲ့အစီစဉ်ကတော့ အဆိုတော်တွေက သီချင်းတွေသီဆိုကြပြီး ကဗျာဆရာတွေက ကဗျာရွတ်ကြတဲ့ ဖျော်ဖြေရေး အစီစဉ်တခု တိုးလာခဲ့ပါတယ်လို့ မဖြူဖြူသင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဝေဒါနာသည်တွေကို စိတ်ဓါတ်မကျဖို့ စိတ်ဓါတ်ခိုင်မာဖို့ အားပေးစကားပြောခဲ့ပါတယ်။ ဝေဒနာသည်တွေအတွက် ဆေးဝါး လုံလောက်မှု မရှိတဲ့အကြောင်း ပြည့်စုံအောင်ကြိုးစားဆောင်ရွက်သွားမယ်လို့လည်း မဖြူဖြူသင်းက ပြောပါတယ်။ လက်ရှိအနေအထားမှာ ဝေဒနာသည်တွေအတွက် ပြည်တွင်းပြည်ပက ပံ့ပိုးကူညီမှုတွေ ရရှိလာလို့ ဝမ်းမြောက်တဲ့အကြောင်းနဲ့ ဆက်လက်ပြီးတော့ ပံ့ပိုးကူညီသွားဖို့ တိုက်တွန်းတဲ့အကြောင်း မဖြူဖြူသင်းက ဘီဘီစီကို ပြောပြသွားပါတယ်။