ဗိုလ်ချုပ်ကျော်ဇော အသက်၉၁နှစ်ပြည့်

ဗိုလ်ချုပ်ကျော်ဇော
Image caption ဗိုလ်ချုပ်ကျော်ဇော

မျက်မှောက်ခေတ် မြန်မာ့တပ်မတော်ကို စတင်မွေးဖွါးပေးခဲ့သူတွေလို့ ဆိုရမယ့် ရဲဘော်သုံးကျိပ်ထဲက တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကျော်ဇောရဲ့ အသက် ၉၁ နှစ်ပြည့် မွေးနေ့ ပွဲကို တရုပ်နိုင်ငံရဲ့ ဆေးရုံတစ်ရုံမှာ ဒီကနေ့အကျဉ်းရုံးပြီး ကျင်းပခဲ့ပါတယ်။

အဆုပ်ယောင်တာကတော့ သက်သာလာပေမယ့် အသက်ကြီးသူဖြစ်တာမို့ ရုတ်တရက် နလံမထူနိုင်သေးလို့ဆေးရုံက မဆင်းသေးတာပါလို့ ဗိုလ်ချုပ်ကျော်ဇောရဲ့ သမီးဖြစ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

ဖခင်ဖြစ်သူက မွေးနေ့သဝဏ်လွှာသဘော ထုတ်ထားတဲ့ စာတမ်းမှာ ရွေးကောက်ပွဲလွန်ကာလမှာ တပ်မတော်သားများအနေနဲ့ ပြည်သူသာအမိ ပြည်သူသာအဖ ဆိုတဲ့ဆောင်ပုဒ်ကိုခံယူပြီး ပြည်သူလူထုနဲ ့လက်တွဲပြီး တိုက်ပွဲဝင်ဖို့ ပြောထားပါတယ်လို့ ဒေါက်တာလှကျော်ဇော်က ရှင်းပြပါတယ်။

ဗိုလ်ချုပ်ကျော်ဇော လက်အောက်မှာ စစ်အတူတိုက်ခဲ့ဖူးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ဒုတိယဥက္ကဌ အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးတင်ဦးကတော့ ဗိုလ်ချုပ်ကျော်ဇောဟာ စစ်သည်ကောင်းတစ်ယောက်အနေနဲ့ တပ်မှူးကြီးကောင်းတယောက်အနေနဲ့ မဟာဗျူဟာမြောက် စစ်ဆင်ရေးကို စီမံနိုင်သူ၊ နည်းဗျူဟာ မြောက်လည်း ကွပ်ပဲတိုက်ခိုက်နိုင်တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်ဆိုပြီး ဗိုလ်ချုပ်ကျော်ဇောရဲ့ ဂုဏ်ပုဒ်ကို ချီးမွမ်းပြောဆိုသွားပါတယ်။