ဓညဝတီ မြို့တော်ဟောင်းကို ဖြတ်ပြီး ရထားလမ်း ဖောက်တော့မယ်

Image caption မြောက်ဦး မြို့ဟောင်းက ဘုရား ပုထိုးတွေ ကြားက ဆောက်လုပ်ရေး ယန္တယားတွေ

ရခိုင်ပြည်နယ် အတွင်း စစ်တွေ အမ်း မင်းဘူး ရထားလမ်း ဒီနှစ် စောစောပိုင်းက နေပြီး ဖောက်လုပ်တဲ့ နေရာမှာ အခုအခါ ကျောက်တော်မြို့နယ်မှာ တည်ရှိတဲ့ ဓညဝတီ မြို့တော်ဟောင်းကို ဖြတ်သန်း ဖောက်လုပ်မှာ ဖြစ်တဲ့အတွက် ဒေသခံ ပြည်သူတွေက ယဉ်ကျေးမှု အမွေအနှစ်တွေ ပျက်ဆီး ဆုံးရှုံးသွားမှာ အထူး စိုးရိမ်နေတယ်လို့ သိရပါတယ်။

ဓညဝတီ မြို့ဟောင်းဟာ ဘီစီ ၆ ရာစု ကတည်းက တည်ရှိခဲ့တဲ့ ဖြစ်ပြီး အခုဆိုရင် နန်းမြို့ရိုး အရှေ့ဘက်ကို စဖောက်နေကာ မနက်ဖြန် သို့မဟုတ် သဘက်ခါ နန်းရိုးကို ဖြတ်မယ်လို့ ဆိုပါတယ်။

ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လမ်းပမ်း ဆက်သွယ်ရေး ကောင်းမွန်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရထားလမ်း ဖောက်လုပ်တဲ့ အပေါ်မှာ ဒေသခံတွေက ကြိုဆိုကြ ပေမယ့် ရှေးဟောင်း အမွေအနှစ်တွေ ပျက်ဆီးဆုံးရှုံးသွား မှာကိုတော့ ရခိုင် လူထုက မလိုလားဘူးလို့ သိရပါတယ်။

ဒါကြောင့် ဓညဝတီ မြို့ဟောင်းကို ရှောင်ကွင်း ဖောက်လုပ်ဖို့ ရထားပို့ဆောင်ရေး ဝန်ကြီးကို စာရေးထားတယ်လို့လည်း သိရပါတယ်။