ပိုက်လိုင်းကြောင့် ကျောက်ဖြူမှာ လယ်မြေတွေ ဆုံးရှုံးကြရ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အတွင်းမှာ တရုပ်နိုင်ငံကို တင်ပို့မယ့် ဂက်စ် ပိုင်းလိုင်း စီမံကိန်း တည်ဆောက် နေရာမှာ အဲဒီ ဒေသမှာ ရှိတဲ့ လယ်သမားတွေ လယ်မြေတွေ ဆုံးရှုံးနေကြ ရပါတယ်။

Image caption ကျောက်ဖြူဟာ ပြီးခဲ့တဲ့ နှစ်လက ဂီရိ မုန်တိုင်း ဒဏ်ကိုလည်း အတော် ခံလိုက်ရတယ်

ကျောက်ဖြူမြို့နဲ့ ၅ မိုင်အကွာ ဓါတ်ငွေ့ သန့်စင်စက်ရုံ တည်ဆောက်မယ့် နေရာမှာ ကုမ္ပဏီတွေက လယ်မြေတွေ ဝယ်လို့ လယ်သမားတွေက ရောင်ပေး လိုက်ကြ ရပေမယ့် ဒီလယ်သမားတွေ အတွက် လုပ်ကိုင်စားဖို့ အစားထိုး လယ်မြေ မပေးနိုင်တော့ လယ်သမားတွေမှာ လယ်မြေတွေ ဆုံးရှုံးကုန်ကြရတဲ့ သဘော ဖြစ်ကုန်တယ်လို့ ကျောက်ဖြူ မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ကျောက်ဖြူမြို့ မြောက်ဘက် လေယာဉ်ပျံကွင်း ကမ်းနဖူး ဝန်းကျင် မြေနေရာကွက်လပ် တွေကိုလည်း ကုမ္ပဏီတွေက အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး အဆောက်အဦးတွေ ဆောက်လုပ် နေကြလို့ တချိန်က ပြည်သူတွေ အပန်းဖြေ ကွက်လပ်တွေလည်း ဆုံးရှုံးကုန်ကြ ရတယ်လို့ အဲဒီ ကျောက်ဖြူ ဒေသခံကပဲ ပြောပါတယ်။

ကျောက်ဖြူမြို့နယ် အတွင်းမှာ တရုပ်ကို တင်သွင်းမယ့် ရေနံပိုက်လိုင်းနဲ့ ဂက်စ်ပိုက်လိုင်း စီမံကိန်းတွေကြောင့် လယ်မြေ ဆုံးရှုံး ကြရသူတွေ ရှိနေသလို ကုမ္ပဏီတွေက အိမ်ခြံမြေတွေ ထိုးဖေါက် ဝင်ရောက် ဝယ်ယူ နေကြတာမို့ အိမ်မြေ ခြံမြေ ဈေးနှုန်းတွေလည်း ထိုးတက် ကုန်ကြတယ်လို့ သိရပါတယ်။