ထိုင်းဖက်ကမြန်မာစစ်ပြေး ဒုက္ခသည် အရေးကြိုပြင်

refugeesatborder
Image caption စစ်ပြေးဒုက္ခသည်များ

နအဖ အစိုးရ ဟာ မြဝတီမြို့ တောင်ဖက်မှာ အစိုးရ တပ်တွေနဲ့ ဒီကေဘီအေ တပ်တွေ တိုက်ခိုက်နေတဲ့ ဖက်ကို စစ်တပ်တွေ ဆက်ပြီး စေလွှတ်နေတဲ့ အတွက် နယ်စပ်တလျှောက်မှာ တိုက်ပွဲ တွေ အပြင်းအထန် ဖြစ်လာနိုင်တယ် လို့ ထိုင်း ဖက်က တာခ့်ခရိုင် အုပ်ချုပ်ရေးမှူးက ဘီဘီစီ ကိုပြောပါတယ်။

အဲဒီ အတွက် မြန်မာဖက်က စစ်ပြေးဒုက္ခသည် တွေ ပြေးလာရင်၊ သူတို့ကို စောင့်ရှောက်ကူညီဖို့ စနစ်တကျ ပြင်ဆင်ထားတယ် လို့ အုပ်ချုပ်ရေးမှူး နိုင်စမတ် လွိုင်ဖါး က သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါတယ်။

ယာယီရွက်ဖျင်တဲ တွေ၊ ယာယီ ရေချိုးခန်း၊ အိမ်သာ စတာတွေ အပြင်၊ အစား အသောက်၊ သောက်ရေသန့်၊ ဆေးဝါးကုသရေး စတာတွေပါ ကြိုတင် ပြင်ဆင်ထားဖို့ နယ်စပ် တလျှောက်က မြို့ပိုင်တွေ ပါ ညွှန်ကြားထားကြောင်း ရှင်းပြပါသေးတယ်။