စေတနာရှင်တွေကောင်းမှု နဲ့ မဝင့်အသက်ရှင်

ခွဲစိတ် ကုသမှု ဆေးရုံ
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ရဲ့ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံ ရဲ့ ကျန်းမာရေးအဆင့် ဟာ နိုင်ငံပေါင်း ၁၉၁ နိုင်ငံ ထဲမှာ ၁၉ဝ အဆင့် ရောက်နေလို့ ကမ္ဘာ့ ကျန်းမာရေး အဆင့်မှာ အဆိုးဝါးဆုံး လို့ ဖေါ်ပြထားပါတယ်။
မြန်မာစစ်အစိုးရ ဟာ နိုင်ငံတော်ဘတ်ဂျက် ရဲ့ နှစ်ရာခိုင်နှုန်း သာ ကျန်းမာရေး အတွက် စရိတ်အကုန်ခံပြီး၊ စစ်သုံး စရိတ် အတွက် လေးဆယ် ရာခိုင်နှုန်း သုံးစွဲကြောင်း WHO က ဆိုပါတယ်။ မြန်မာပြည်သူ တွေဟာ ပြည်တွင်းရဲ့ ဆေးကုသမှု ပြည့်ဝအောင် မခံရတဲ့ အတွက် ငွေကြေး တတ်နိုင်သူတွေဟာ ပြည်တွင်း ပြင်ပဆေးရုံ၊ ဆေးခန်း၊ ပြည်ပ ထွက် ကုသမှု ခံကြရတာ ကို WHO ရဲ့ ထုတ်ပြန်ချက် ကို ဘန်ကောက်ပို့စ် အင်တာနက် စာမျက်နှာ မှာ ကိုးကား ရေးထားပါတယ်။
အသက် ၁ဂ နှစ်ရွယ် မဝင့် ဆိုသူ အမျိုးသမီးလေးဟာ ခေါင်းကိုက်၊ခေါင်းမူး ဝေဒနာကို ပြင်းထန်စွာ ခံစားရလို့ ရန်ကုန်ဆေးရုံကြီးတက် ကုသပေမဲ့ မသက်သာခဲ့ပါဘူး။ ကံကောင်း ထောက်မစွာနဲ့ ထိုင်းနိုင်ငံ ရှိ Burma Children Medical Fund (BCMF) မှ ကုသိုလ်ရှင်တွေ ရဲ့ ကောင်းမှု စေတနာ ကြောင့်၊ ဘန်ကောက် ဆေးရုံမှာ Cyberknife ရေဒီယို ဓါတ်ရောင်ခြည် အရ ကုသမှု ခံယူရပြီး သေကံမရောက်တဲ့ အကြောင်းကို (BCMF) မှ မန်နေရျာ Kanchana Thomton က ရှင်းပြခဲ့ပါတယ်။