၆၃ နှစ်ပြည့် မြန်မာ့ လွတ်လပ်ရေးနေ့

aung_sanfamily
Image caption လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်း နဲ့ တကွ တိုင်းရင်းသား ခေါင်းဆောင်၊ နိုင်ငံရေးသမား တွေ၊ ပြည်သူ တွေ အသက်သွေး နဲ့ ရင်းပြီး ရယူခဲ့တဲ့ လွတ်လပ်ရေး ဟာ ၆၃ နှစ် ပြည့်ခဲ့ပေမဲ့၊ လွတ်လပ်ရေး ရတယ်လို့ မမြင်ဘူး၊ ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့တဲ့ လွတ်လပ်ရေး ပုံစံ ပေါ်မလာ ခဲ့ဘူး လို့ အမေရိကန်၊ နယူးယောက် တက္ကသိုလ် လူမှုသိပ္ပံဌာန မှ ပါမောက္ခ ဒေါက်တာ အေးကျော် က ဘီဘီစီ ကိုပြောပါတယ်။

မြန်မာနိုင်ငံဟာ တလမ်းမောင်း သွားနေတဲ့ စံနစ်ကြောင့် ပြဿနာတွေ ပေါ်နေပြီး၊ အမှောင်ကျ နေပုံ၊ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည် အလင်းရောင်ရအောင် လုပ်ခဲ့ ပေမဲ့၊ နှစ်တွေကြာလာပေမဲ့ ကလေးတွေ စာမတတ်၊ သမိုင်းမသိ ဖြစ်နေပုံ ၊ အလင်းရောင် ရအောင်၊ ပညာရေး ဖွင့်ပေးဖို့ လိုပုံ တွေ၊ ဒေါက်တာ အေးကျော်က ရှင်းပြပါတယ်။

မြန်မာ စစ်အစိုးရ လက်ထက်မှာ ကရင် ဗိုလ်မှူး၊ ဝန်ကြီး မရှိတော့ သလို၊ တိုင်းရင်းသား တွေ အတွက် တန်းတူရည်တူ အခွင့်အရေး ကင်းမဲ့နေလို့ ဗမာစစ်တပ် သာ ဖြစ်နေပုံ၊ အမှန်စင်စစ် ပြည်ထောင်စု တပ်မတော် ဖြစ်ရမဲ့ အကြောင်းတွေ ကို ဒေါက်တာ အေးကျော်က သုံးသပ်ပြပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ ခေါ်ယူမယ် ဆိုရင်၊ စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ပေါက်ရေး အတွက် တန်းတူရည်တူ ရှိမှု၊ ရိုးသားပွင့်လင်းမှု စတာတွေ ဖေါ်ဆောင်ပေး ဖို့ အရေးကြီးတဲ့ အကြောင်းတွေ ကိုပါ ထောက်ပြသွား ပါတယ်။