မတူကြတဲ့ ကရင် နှစ်သစ်ကူးပွဲတွေ

karen_new_year
Image caption မဲဆောက်က နှစ်သစ်ကူးပွဲမှာ ဒုံးက ဖို့ပြင်နေကြသူ

ပြာသိုလဆန်း ၁ ရက် နေ့ ဟာ မြန်မာပြည်သား ကရင် တို့ အတွက် နှစ်သစ်ကူး နေ့ ဖြစ်တာမို့ မြန်မာပြည်တွင်း နဲ့ ပြည်ပ မှာ ကရင် တိုင်းရင်းသား တို့ နှစ်ကူး ပွဲတော် ဆင်ယင် ကျင်းပကြ ပါတယ်။

ထိုင်းမြန်မာ နယ်စပ် က ထိုင်းမြို့ တမြို့ ဖြစ်တဲ့ မဲဆောက် မြို့မှာ လည်း အနည်းဆုံး နေရာ ၃ နေရာ လောက်မှာ မြန်မာပြည်သား ကရင် လူမျိုးတို့ စုဆုံ စုဝေး ခဲ့ကြပြီး နှစ်သစ်ကူး ပွဲတော် ဆင်နွှဲ ခဲ့ကြ ပါတယ်။

မဲဆောက် မှာရှိတဲ့ ဒေါက်တာ စင်သီယာ ဆေးရုံ က ကြီးမှူးကျင်းပတဲ့ ကရင် နှစ်သစ်ကူး ပွဲတော် ကို ရွှေ့ပြောင်းအလုပ်သမား တွေရဲ့ သားသမီးတွေ အတွက် ဖွင့်လှစ် ထားတဲ့ အထက်တန်း ကျောင်းဝင်း တခုတွင်းမှာ ကျင်းပ ခဲ့ပြီး ဧည့်ပရိဿတ် ၁၂၀၀ ကျော် တက်ရောက် ခဲ့ကြောင်း အဲဒီ ပွဲတော် စီစဉ် ကျင်းပရေး ကော်မီတီ ဝင် တဦး ဖြစ်တဲ့ ကိုစောလင်းကျော် က ဘီဘီစီ ကို ပြော ပါတယ်။

မြန်မာပြည် တွင်းမှာ သူ ဆင်နွှဲခဲ့တဲ့ နှစ်ကူးပွဲတော် တွေ က ပိုပြီး လူစည်တာ၊ ဒုံးယိမ်း အဖွဲ့ တွေ ဆိုလည်း ပိုများ တာမျိုး ဖြစ်ပေမယ့် အခုလို ပြည်ပ မှာ လုပ်တဲ့ ပွဲတော် တွေ မှာ တော့ ကရင် တို့ ရဲ့ ယဉ်ကျေးမှု သမိုင်းကြောင်း နဲ့ လက်တွေ့ ဖြစ်နေတဲ့ အခြေအနေ တွေကို လွတ်လပ်စွာ ပြောဆိုခွင့် ရေးသား ဖြန့်ချီခွင့် ရတယ် လို့ ကိုစောလင်းကျော် က ပြော ပါတယ်။