ရိုမေးနီးယား ရောက် ကချင်ဒုက္ခသည် တွေ နှင်းဖုံး နေတဲ့ လမ်းမ ပေါ်မှာ နေ နေရ

kachin
Image caption ကချင် ပြည်နယ် နဲ့ မိုင်ပေါင်း များစွာ ကွာတဲ့ နိုင်ငံမှာ ကချင် လူမျိုး တွေ ဒုက္ခ ကြုံနေကြရ

ရိုမေးနီးယား နိုင်ငံ ဂလက်တီ မြို့ က ဒုက္ခသည် တွေ ကိုထားတဲ့ နေရာ တခု ကနေ ကလေးသူငယ် လေးတွေ အပါ အဝင် မြန်မာပြည်သား ကချင်လူမျိုး ဒုက္ခသည် ၃၃ ဦး ကို သက်ဆိုင်ရာ အာဏာပိုင် တွေ က ဒေသစံတော်ချိန် ကြာသပတေး ညနေ အစောပိုင်း လောက် ကတည်း က နှင်ထုတ် လိုက်တဲ့ အတွက် သူတို့ ဟာ ရေခဲမှတ် အောက်ရောက် နေပြီ ဖြစ်တဲ့ အနှုတ် ၇ ဒီဂရီ စင်တီ ဂရိတ် လောက် အထိ အေးစက် နေပြီး နှင်း တွေ ကျ နေတဲ့ လမ်းပေါ်မှာ အမိုးအကာမဲ့ ဘဝ နဲ့ ဒုက္ခရောက် နေကြ ပါတယ်။

အဲဒီက ဒုက္ခသည် စခန်း အာဏာပိုင် တွေ သူတို့ ကို နှင်ထုတ် တဲ့ အကြောင်း ကတော့ သူတို့ ဟာ တီဘီ ပိုး ရှိမရှိ ဆေးစစ် မယ် ဆိုတာ ကို လက်မခံ တာကြောင့် လို့ သိရ ပါတယ်။

အကြိမ်ကြိမ် ဆေးစစ် နေရတာ တွေ အပြင် သူတို့ခံစား နေရတာတွေ ကို သည်းမခံ နိုင်တော့ လို့ ဆေးစစ် တာကို လက်မခံ ခဲ့တာ လို့ နှင်းတော ထဲမှာ ဒုက္ခရောက် နေ ကြတဲ့ သူ တို့ထဲ က တဦး က ဘီဘီစီ ကို ပြော ပါတယ်။

ဒုက္ခသည် တွေ ကို တတိယ နိုင်ငံမှာ နေရာချထားရေး ကုလသမဂ္ဂ အစီအစဉ် နဲ့ မလေးရှား နိုင်ငံ ကနေ တဆင့် သူတို့ ရိုမေးနီးယား ကို မနှစ် ဇွန် လ ဆန်း က ရောက် လာ က တည်းက သူတို့ ကြုံခဲ့ရတဲ့ ပြဿနာတွေ ဟာ သည်းမခံ နိုင်လောက်အောင် ဖြစ်ခဲ့ ပြီ လို့ လည်း သူ က ဆိုပါတယ်။

ရိုမေးနီးယား ရောက် တဲ့ အချိန် ကတည်းက အိမ် မဟုတ် ပဲ စခန်း လို နေရာမှာပဲ နေနေ ကြရ ရာမှာ တမိသားစု လုံး တခန်း ထဲမှာ နေကြရတာမျိုးတွေ အပြင် စားနပ် ရိက္ခာ အတွက် ကလည်း လူတဦး ကို တနေ့ ၁ ဒေါ်လာ သာ ပေးတဲ့ အတွက် ကုန်စျေးနှုန်း ကြီးတဲ့ အဲဒီ နိုင်ငံမှာ လောက်ငှအောင် မစား ရကြောင်း လည်း သူ က ဘီဘီစီ ကို ပြောပြ ပါတယ်။

ဘူခါရက်ဗ မြို့မှာ တော့ ဒုက္ခသည် ဆိုင်ရာ ကုလသမဂ္ဂ ရုံးရှိတဲ့ အတွက် အဲဒီ ကို သူတို့ ဆက်သွယ် ဖို့ ကြိုးစား နေကြောင်း လည်း သိရ ပါတယ်။