ဘရာဇီး ရေဘေး လူ ၃၅၀ နီးပါးသေ

Brazil
Image caption ဘရာဇီး နိုင်ငံ ရေဖုံးလွှမ်းမှု ဆိုးဝါးဆဲ

ဘရာဇီးလ် နိုင်ငံ အရှေ့တောင်ပိုင်းမှာ ဆိုးဆိုးဝါးဝါး ရေလွှမ်းမိုးနေပါတယ်။ မြေပြိုမှု၊ ရေကြီးမှုတွေကြောင့် လူပေါင်း ၃၅၀ နီးပါး သေဆုံးခဲ့ပါပြီ။ Rio de Janeiro မြို့အနီးနားမှာ တောင်ကုန်းမြေပြိုပြီး အိမ်တွေပြိုကျပျက်စီး သွားပါတယ်။

ဒေသခံပြည်သူတွေဟာ ကယ်ဆယ်ရေး သမား တွေကို ကူညီပြီး အပျက်အစီးတွေကို ဝိုင်းဝန်းဖယ်ရှားပြီး လမ်းရှင်းပေးနေပါတယ်။ ဒါပေမဲ့ အခြေအနေဟာ တိုးတက်မှုသိပ်နှေးကွေးလွန်းနေပြီး လမ်းတော်တော် များများ ပိတ်ဆို့ နေတုန်းပါ။ မိုးရွာသွန်း နေဆဲဖြစ်တဲ့ အတွက် ကယ်ဆယ် ရေးတွေ နှောင့်နှေးနေပါတယ်။

ဘရာဇီးလ်သမ္မတက ပြန်လည် တည်ထောင်ရေးအတွက် ဒေါ်လာသန်းပေါင်းရာနဲ့ချီပြီး သုံးစွဲဖို့ ခွင့်ပြုခဲ့ပါတယ်။