ပူပူနွေးနွေး CPC က Eleven Media Group နှုတ်ထွက်

eleven_media_group
Image caption Eleven ဟာ မြန်မာနိုင်ငံက အကြီးဆုံးဂျာနယ်တိုက်တွေထဲက တစ်ခုဖြစ်

ပြည်တွင်းဂျာနယ်က ကိုယ်စားလှယ်တွေ၊ စာပေစီစစ်ရေးနဲ့ စာပေနဲ့စာနယ်ဇင်း အစည်းအရုံးကလူတွေ စုပေါင်းပြီး စာနယ်ဇင်းလုပ်ငန်း တိုးတက်လာရေး အတွက် ရည်ရွယ်ချက်နဲ့ ဖွဲ့ထားတဲ့ Committee for Professional Conduct (CPC) ဂျာနယ်ကိုယ်စားပြု ကော်မီတီကို ဖွဲ့စည်းခဲ့ရာမှာ အခုတော့ အဲဒီအဖွဲ့ ထဲကနေ Eleven Media Group က အဖွဲ့ဝင် အဖြစ်က နှုတ်ထွက်လိုက်ပါတယ်။

ဒီ CPC ကော်မီတီမှာ ဦးကိုကို( စက်မှုတက္ကသိုလ် ) က ဥက္ကဌ၊ စာပေစိစစ်ရေးက ဦးမျိုးမြင့်မောင်က အတွင်းရေးမှူးနဲ့ ကော်မီတီဝင် စုစုပေါင်း ၁၅ ဦးနဲ့ ဖွဲ့စည်းထားတာပါ။

ဒီ ကော်မီတီဖွဲ့တာကိုတော့ ထောက်ခံပေမယ့် ဒီကော်မီတီရဲ့ ဖွဲ့စည်းပုံကို မကြိုက်လို့ နှုတ်ထွက်ရတာ ဖြစ်တယ်လို့ Eleven Media Group က အယ်ဒီတာ တစ်ဦးဖြစ်တဲ့ ကိုဝေဖြိုးက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့်လည်း ကော်မီတီ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ညို( ဘောဂဗေဒ) ကတော့ ဒီအချိန်မှာ ဘာမှ သိပ်မမျှော်လင့်နိုင်ကြောင်း၊ မိမိတို့ အနေနဲ့ကတော့ ဒါတွေဟာ မဖြစ်နိုင်သေးဘူးလို့ ယူဆလို့ ဘာမှ မပြောပဲ နေကြတာ ဖြစ်တယ်လို့လည်း ဘီဘီစီကို ပြောပါတယ်။

CPC ကော်မီတီအနေနဲ့လည်း မနက်ဖြန်မှာ ဒီကိစ္စ ဆွေးနွေးဖွယ်ရှိတယ်လို့ သိရပါတယ်။