ကေအင်ပီပီ ဥက္ကဌ ခူးထဲဘူဖဲ လည်ချောင်းကင်ဆာနဲ့ ကွယ်လွန်

ဓာတ်ပုံ မူပိုင် kt
Image caption ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ ဥက္ကဌ ခူးထဲဘူဖဲ

ဝါရင့် ကရင်နီ ခေါင်းဆောင်ကြီး တယောက်ဖြစ်တဲ့ ကေအင်ပီပီ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ ဥက္ကဌ ခူးထဲဘူဖဲ မနေ့ ညနေက ထိုင်းနိုင်ငံ မဲဟောင်ဆောင်မြို့မှာ လည်ချောင်း ကင်ဆာ ရောဂါနဲ့ ကွယ်လွန်သွားပါပြီ။

သူဟာ ကွယ်လွန်ချိန်မှာ အသက် ရ၄နှစ် ရှိပြီ ဖြစ်ပါတယ်။

လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေရဲ့ ဖက်ဒရယ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တခြား တိုင်းရင်းသားတွေနဲ့ အတူ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့သူ တယောက် ဖြစ်ပါတယ်။

အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ရယူခဲ့စဉ်တုန်းက ကရင်နီ အမျိုးသား တိုးတက်ရေး ရည်မှန်းပြီး အပေးအယူ ညှိနှိုင်းမှုတွေ လုပ်ခဲ့ဖူးတဲ့ ခေါင်းဆောင် တယောက် ဖြစ်ပါတယ်လို့ ကေအင်ပီပီ ရုံးအဖွဲ့မှူး ဦးကြီးစောက ဘီဘီစီကို ပြောပါတယ်။

ခေါင်းဆောင်ကြီး တယောက် ဆုံးရှုံးတဲ့အတွက် ပါတီအတွက် တကယ့်ကို နစ်နာမှု တရပ်ဖြစ်ပြီး တော်လှန်ရေးကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။