အလုပ်​သမား​အရေး ​ဆောင်ရွက်​နေ​သူ တရား​စွဲ​ ခံ​ရ

ထိုင်းနိုင်ငံတွင်းကမြန်မာအလုပ်သမားများ
Image caption ထိုင်းနိုင်ငံတွင်းကမြန်မာအလုပ်သမားများ

မြန်မာဂလိုဂွန် အထည်ချုပ် စက်ရုံက ကိုယ်ဝန်ဆောင် အလုပ်သမ တဦး ကို အလုပ်သမား ခံစားခွင့် မပေးပဲ အလုပ် ဖြုတ် လိုက်တဲ့ အပေါ် လိုက်ပါ ကူညီပေးတဲ့ လယ်သမား အလုပ်သမား အခွင့်အရေး လိုက်ပါ ဆောင်ရွက်ပေးသူ ရှေ့နေ ကိုဖိုးဖြူ အပါအဝင် လူ ၁၀ ဦးကို အလုပ်ရှင် က အသရေ ဖျက်မှု နဲ့ တရားစွဲ ခဲ့ ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း က ဒဂုံဆိပ်ကမ်း စက်မှုဇုံမှာ ရှိတဲ့ မြန်မာ ဂလိုဂွန် အထည်ချုပ် စက်ရုံက အလုပ်သမ မသီတာဦး ဟာ ကိုယ်ဝန် ရှိနေ တဲ့အတွက် အလုပ်ရှင် က သူ အလုပ် မလုပ်နိုင် ဘူး ဆိုတဲ့ အကြောင်းပြပြီ အလုပ်က ဖြုတ်လိုက်တဲ့အပေါ် မကျေနပ်လို့ လယ်သမား အလုပ်သမား အခွင့်အရေး လိုက်ပါ ဆောင်ရွက် ပေးသူတွေ က သက်ဆိုင်ရာ ကို တိုင်ကြား ပေးခဲ့ပါတယ်။

ကာယကံရှင် အလုပ်သမားနဲ့ အလုပ်ရှင် အကြား ပြေလည်မှု ရပြီးတဲ့ အခါမှာ ကြားကနေ ဆောင်ရွက်ပေးသူ တွေကို စက်ရုံ ပိုင်ရှင် က အသရ ဖျက်တယ် ဆိုပြီး တရားစွဲ ခဲ့ ပါတယ်။

မနေ့က ဒီအမှု ကို ဒဂုံတောင်ပိုင်း မြို့နယ် တရားရုံးက လက်ခံ စစ်ဆေးခဲ့ပြီး တရားစွဲ ခံထား ရတဲ့ ရှေ့နေ ကိုဖိုးဖြူ အပါအဝင် ၁၀ ဦးကို အာမခံ ပေးလိုက် ပါတယ်။ တရားရုံးက လူ ၁၀ ယောက်လုံး ကို အာမခံ ပေးလိုက်ပါတယ်။

အမှုကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကို ရုံးချိန်း ချိန်းလိုက် ပါတယ်။

ရှေ့နေ ကိုဖိုးဖြူ အနေနဲ့ အလုပ်သမား အရေးကို လိုက်ပါ ကူညီပေးလို့ တဖက်က ပြန် တရားစွဲ ခံရတဲ့ ဒါဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။

အောင်လံ က လယ်သိမ်းခံ လယ်သမား အရေးတွေကို လိုက်ပါ ကူညီတဲ့အတွက် ၂၀ဝ၉ ခုနှစ်က ထောင်၄နှစ် အပြစ်ပေး ခံရပြီး အိုင်အယ်လ်အို အကူအညီ နဲ့ ထောင်ဒဏ် တနှစ် ပြည့်ပြီးတဲ့ အချိန်မှာ လွတ်မြောက် လာသူ ဖြစ်ပါတယ်။

ဇန်နဝါရီ ၆ရက်နေ့ ကလည်း ကိုဖိုးဖြူတို့ လယ်သမား အလုပ်သမား အခွင့်အရေး လိုက်ပါ ဆောင်ရွက်သူများ အဖွဲ့ဟာ ရန်ကုန် အရှေ့ပိုင်း ခရိုင်ကျေးရွာ ၇ ရွာက လယ်သမား တွေနဲ့ အတူ လယ် ဧက ၅၅၀ဝကျော် ကို ကုမ္ပဏီ ၁၁ခုကနေ အဓမ္မ သိမ်းပိုက် ထားလို့ တောင်သူတွေ ရဲ့ ရပိုင်ခွင့် ဆုံးရှုံးတယ် ဆိုပြီးတော့ လယ်လုပ်ခွင့်နဲ့ နစ်နာကြေး တွေ ပြန်ရဖို့ အရှေ့ပိုင်းခရိုင် ဥက္ကဋ္ဌဆီမှာ တောင်းဆို ခဲ့ကြ ပါသေးတယ်။

ဒီ တောင်းဆိုမှုကြောင့် လယ်ဧက ၆၀ ကျော်ကို မကြာခင် ကပဲ လယ်သမားတွေ လယ်လုပ်ခွင့် ပြန်ရခဲ့ ပါတယ်။