မှ တပါး အခြားမရှိပြီလို့ ဦးခင်ရွှေ ပြောကြား

ဓာတ်ပုံ မူပိုင် AP
Image caption တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားက မြင်ကွင်း

ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက တင်ထားတဲ့ ဒုတိယ သမ္မတလောင်း ဦးသိန်းစိန် ၊ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ စစ်တပ်က တင်မယ့် ဒုတိယ သမ္မတ လောင်းတွေ ကသာ သမ္မတနဲ့ ဒုတိယ သမ္မတတွေ ဖြစ်မှာ သေချာတယ်လို့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက အမျိုးသား လွှတ်တော် အမတ် ဇေကမ္ဘာ ဦးခင်ရွေက ပြောပါတယ်။

တိုင်းနဲ့ ပြည်နယ် အသီးသီး တွေမှာလည်း ဝန်ကြီးချူပ် ရာထူးကို တိုင်းမှူးဟောင်း တွေကသာ ရနိုင်တယ်လို့ ဆိုပါတယ်။

ဘာကြောင့်လဲ ဆိုတော့ အတွေ့အကြုံ အရကော ပြည်နယ် အကြောင်းကို သိတာ အရကော သူတို့ကလွဲလို့ ကျန်တဲ့သူ ကိုင်ဖို့ ဆိုတာ တော်တော်ကို အခက်အခဲတွေ ရှိတယ် လို့ ပြောပါတယ်။

အပေါ်အောက် ချိတ်ဆက်မှုတွေ တာဝန်ရှိတဲ့ အဖွဲ့တွေနဲ့ ဆက်ဆံရာမှာလည်း အဆင်ပြေပြေနဲ့ အရင်ကထက် တပြိုင်တည်း ဖွံ့ဖြိုးအောင် ဆောင်ရွက် သွားလိမ့်မယ်လို့ ဆိုပါတယ်။

ကျွမ်းကျင်ပြီးသား လူတွေကို ကျွမ်းကျင်တဲ့ လုပ်ငန်း ပြန်ပေးတာပါ ၊ ဒါဟာ မှတပါး အခြား မရှိပြီ ဆိုသလိုပါဘဲ။

အဲဒီကနေ တရှိန်ထိုးတက်အောင် သူတို့က လုပ်ဆောင်သွားမှာ ဖြစ်တယ် သူတို့သမိုင်းကို သူတို့ ရေးကြပါလိမ့်မယ်လို့ အကျယ်တဝင့် ဦးခင်ရွှေက ရှင်းပြခဲ့ပါတယ်။