လွှတ်တော် အသီးသီးမှာ ရာထူးတွေ ဆက်ခန့်အပ်

Former Lt General Tin Aye ဓာတ်ပုံ မူပိုင် AP
Image caption ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း တင်အေး ရွေး ကောက် ပွဲ ကော်မရှင် ဥက္ကဌ ဖြစ်လာ

သောကြာနေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းဝေးမှာ မြန်မာ နိုင်ငံ အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ ထိပ်တန်း ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ အဖြစ် အတည်ပြုလိုက် ပါတယ်။

အဲဒီနောက် ပြည်ထောင်စု ရှေ့နေချုပ် အဖြစ် ဒေါက်တာ ထွန်းရှင်ကို သမ္မတ အဖြစ် ရွေးချယ်ခံ ထားရတဲ့ဦးသိန်းစိန်က အမည် စာရင်း တင်သွင်းခဲ့ ပါတယ်။

လာမယ့် တနင်္လာနေ့ ပြည်သူ့ လွှတ်တော် အစည်း အဝေးတွေ ပြန်စတဲ့ အခါ ဒေါက်တာ ထွန်းရှင်ကို ရှေ့နေချုပ် အဖြစ် အတည်ပြုလိမ့် မယ်လို့ မျှော်လင့်ရ ပါတယ်။

ပြည်နယ်နဲ့ တိုင်း လွှတ်တော်တွေ မှာလည်း ပြည်နယ် နဲ့ တိုင်း ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခြင်း ခံရသူတွေက ဥပဒေ အရာရှိချုပ်နဲ့ စာရင်းစစ်ချုပ် အမည်စာရင်းတွေကို တင်သွင်း ခဲ့ကြပြီး သက်ဆိုင် ရာ လွှတ်တော် အသီးသီးက အတည် ပြုခဲ့ကြ ပါတယ်။

အဲဒီထဲက တိုင်းရင်းသား ပြည်နယ် တချို့ မှာတော့ သက်ဆိုင်ရာ တိုင်းရင်းသားတွေကိုပဲ ဒီရာထူးတွေ ပြန်လည် ခန့်ထားခဲ့ကြ ပေမဲ့ တချို့ ပြည်နယ် တွေမှာ မြန်မာ ပညာရှင် တွေကို ခန့်ထား ခဲ့ကြ ပါတယ်။

ရခိုင် ပြည်နယ်မှာ ရခိုင် တိုင်းရင်းသားတွေ ဖြစ်ကြတဲ့ ဦးသန်းတင်အောင်နဲ့ ဦးလှသိန်းကို စာရင်းစစ်ချုပ် ရာထူးနဲ့ ဥပဒေ အရာရှိချုပ်တို့ အဖြစ် အမည်စာရင်း တင်သွင်း အတည်ပြု ခဲ့ကြ တယ်လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ဦးခိုင်မြကျော်က ပြောပါတယ်။

ရှမ်းပြည်နယ် မှာတော့ အလားတူ ရာထူး နေရာ တွေကို ရန်ကုန်က မြန်မာ ပညာရှင်တွေကို ခန့်ထား ခဲ့ကြတယ်လို့ ရှမ်း ဒီမိုကရက်တစ် ပါတီ က ဦးစိုင်းအိုက်ပေါင်းက ဘီဘီစီကို ပြောပါတယ်။ ရှမ်း တိုင်းရင်းသား တွေထဲမှာ ဥပဒေ ပညာရှင် ရှားပါးတဲ့ အတွက် မြန်မာ ပညာရှင် တွေကို ခန့်ထား တာနဲ့ ပတ်သက်လို့ မကျေနပ်တာ မရှိ ကြဘူးလို့ လည်း သူက ဆိုပါတယ်။

ပြည်နယ် အတော် များများမှာ ဒီလို တတ်သိ ပညာရှင်တွေကို ပေးတဲ့ ရာထူး ခန့်ထားမှု တွေကို မကျေနပ်တာ မရှိကြပေမဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ရာထူး ခန့်ထားမှု တွေ မှာတော့ မကျေလည်တာ တချို့ ရှိနေပါတယ်။

မွန်ပြည်နယ် မှာ ပြည်နယ် ဝန်ကြီးတွေ ရွေးချယ်မှုကို မွန် ဒေသလုံးဆိုင်ရာ လွှတ်တော် အမတ်တွေက လက်မခံ သေးဘူးလို့ ပါတီ ဥက္ကဌ နိုင်ငွေသိန်းက ပြောပါတယ်။