လန်ဒန်က မွန်အမျိုးသား နေ့ပွဲ

monflaginbigsize
Image caption မွန်အမျိုးသားနေ့ အလံ

မွန် အမျိုးသားနေ့ကို လန်ဒန်က မွန်အမျိုး သားတွေက စည်စည်ကားကား ကျင်းပ ခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ဆယ်ကျော်လောက် ကတည်းက မွန်အမျိုးသားနေ့ကို မွန်တိုင်း ရင်းသား တွေက မြန်မာ နိုင်ငံထဲမှာ နှစ်စဉ် ကျင်းပ လာသလို လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က စပြီး ယူကေ နိုင်ငံမှာ ရောက်နေတဲ့ မွန်အမျိုး သားတွေက မွန်အမျိုးသားနေ့ကို နှစ်စဉ် ကျင်းပခဲ့ပါတယ်။

မွန်တိုင်းရင်း သားတွေရဲ့ ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ဖို့ အရေး ကြီးပုံကို အမှတ်ရအောင်၊ နောက် မွန်တိုင်းရင်းသားတွေ အချင်းချင်း ညီညွတ်မှု ရှိကြဖို့ ရည်ရွယ်ပြီး နှစ်စဉ် ကျင်းပလာတာ ဖြစ်တယ်လို့ မွန်အမျိုးသား နိုင်တလွန်းလက ပြောပြပါတယ်။

သမ္မလနဲ့ ဝိမလ မင်းညီနောင် ဟံသာဝတီ နိုင်ငံတော်ကြီး ကိုစတည်တဲ့ နေ့ကို အစွဲပြုလို့ မွန်အမျိုးသားနေ့ကို ကျင်းပတာ ဖြစ်တယ်လို့လဲ ပြောပြပါတယ်။

မွန်စာပေ၊ ယဉ်ကျေးမှု နဲ့ အမျိုးသားရေးတွေ အမြဲ နိုးကြားနေစေဖို့ အတွက် ရည်ရွယ်သလို ရှေးယခင်က စလို့ ဗုဒ္ဓဘာသာနဲ့ မွန်လူမျိုး ကင်းလို့ မရတာ ကို ဖော်ပြချင်လို့လဲ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

နှစ်စဉ် မွန်အမျိုးသားနေ့ ကျင်းပပြီးစီးတိုင်း မွန်လူမျိုးတွေ သာမက တခြား တိုင်းရင်း သားတွေပါ ပူးပေါင်းပြီး ခရီးထွက်လေ့ ရှိကြောင်းလဲ ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူငယ်ကွန်ယက်ကို ထောက်ခံတယ်လို့ နိုင်တလွန်းလက ပြောပြီး တခြား တိုင်းရင်းသား တွေကိုလည်း အလားတူ ထောက်ခံကြဖို့ တိုက်တွန်းမယ်လို့ ဆိုပါတယ်။

မနေ့ကပွဲကို မွန်အမျိုးသားတွေ အပြင် မြန်မာနိုင်ငံထဲက တိုင်းရင်းသား ပေါင်းစုံ စုစုပေါင်း သုံးရာကျော် လောက်ထိ လာရောက်ကြတယ်လို့ နိုင်တလွန်းလက ပြောပြပါတယ်။